မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေ-၂၃ ဇူလိုင် ကနေ ၅သြဂုတ် ၂၀၂၅

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

Insecurity Insightအဖွဲ့က မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်တို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှုအပေါ် အကြမ်းဖက်မှု သို့မဟုတ် တားဆီးနှောင့်ယှက်မှု ၁၇၃၀ မှု ဖြစ်ပွားခဲ့တယ်ဆိုတာတွေ့ရှိခဲ့ရတယ်လို့ Relief Web စာမျက်နှာက သြဂုတ် ၁၈ရက်မှာဖော်ပြပါတယ်။ ကျန်းမာရေး အဆောက်အအုံတွေ ပျက်စီးမှု ၄၀၇ ခု၊ ကျန်းမာရေးဝန်ထမ်း ၁၅၅ ဦး သေဆုံးခဲ့ပြီး ၈၈၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်ရပ်တွေအနက် လေးပုံသုံးပုံနီးပါးသဟာမြန်မာစစ်တပ်(MAF)ကြောင့်ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး MAF လေယာဉ်တွေကကြဲချတဲ့ ဖောက်ခွဲရေး ပစ္စည်း၊လက်နက်တွေနဲ့ပတ်သက်တဲ့သတင်းဖြစ်စဉ်တွေအရ မန္တလေးတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားနေတဲ့လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကျန်းမာရေး စောင့်ရှောက်မှုဌာနတွေအပေါ်တိုက်ခိုက်မှုတွေ တိုးမြင့်လာခဲ့ပါတယ်။


မန္တလေးတိုင်းဟာ ပဲခူး၊ မကွေး၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့နဲ့အတူ ငလျင်ကြီးနောက်ပိုင်းအရေးပေါ်အခြေအနေ ကြေညာထားတဲ့ ဒေသခြောက်ခုမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအတွင်း MAF စစ်လေယာဉ်တွေဆီက ပစ်လွှတ်ခဲ့တဲ့ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေနဲ့ မန္တလေးတိုင်းအတွင်း ကလေးဆေးရုံနဲ့ယာယီဆေးခန်းတွေ အပါအဝင် ကျန်းမာရေး အဆောက်အအုံ ရှစ်ခု ပျက်စီးခဲ့ပါတယ်။ ဧပြီလနှောင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တစ်ခုမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာရွေ့လျားဆေးကုသရေးအဖွဲ့က မတ် ၂၈ ရက်က ငလျင်ဒဏ်ကြောင့် အသက်ရှင်ကျန်ရစ်သူတွေကိအရေးပေါ်ပြုစုကုသပေးဖို့အတွက် တည်ထောင်ထားတဲ့ ယာယီဆေးခန်းတစ်ခုကိုစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာနှစ်ပါးနဲ့ အရပ်သားလေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့အစီရင်ခံစာကဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *