ထိုင်းနိုင်ငံဖူးခက်တွင် ဆိုင်ကယ်တစ်စီးအားမြန်မာနိုင်ငံသား ခုနစ်ဦးက စီးခဲ့

ဇူလိုင်လ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဖူးခက်မြို့ခံတစ်ဦးသည် ကျွန်းစုခရိုင်လမ်းမကြီးတစ်ခုပေါ်၌ မော်တော်ဆိုင်ကယ်တစ်စီးတည်း ကိုစီးနင်းလာသည့် မြန်မာနိုင်ငံသားခုနစ်ဦးကို အကာအကွယ်ပေးခဲ့သည်။ ဇူလိုင်လ ၆ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ အဖြစ်အပျက်သည် လူမှုကွန်ရက်ပေါ်တွင် ဒေါသများ ထွက်ပေါ်ခဲ့သော်လည်း နေထိုင်သူမှာ ထိုင်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိပညာ နည်းပါးသည့် မိသားစုကို ၎င်းတို့၏ လုပ်ရပ်အတွက် အကြောင်းရင်းအဖြစ် ရှင်းပြခဲ့သည်ဟု The Nation သတင်းက ဇူလိုင် ၈ရက်ကဖော်ပြသည်။ မြန်​မာနိုင်​ငံမှ အမျိုးသားတစ်​ဦးနှင့်​ဆိုင်​ကယ်​စီး​နေသည့်​ အမျိုးသမီးတစ်​ဦးအား ​နောက်​ခုံးထက်​တွင်​ စီးနင်း​နေသည့်​ ဗီဒီယိုဖိုင်​တွင်​ ​ပေါက်​​ပေါ်လာသည့်​အ​ခြေအ​နေကို ​တွေ့မြင်​ခဲ့ရသည်​။ အမျိုးသမီးက ကလေးနှစ်ယောက်ကို ပွေ့ကိုင်ထားပြီး အခြားလူကြီးတစ်ဦးကတော့ သူတို့ကြားတွင် ထိုင်နေပါသည်။ နောက်ထပ် ကလေးနှစ်ယောက်က ဆိုင်ကယ်စီးသူရှေ့၌ထိုင်နေကြပြီးယင်း ဒီဗီဒီယိုကိုမောင်းမြို့နယ် ရဿဒါမြို့ခွဲရှိတနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်လောက်က Chalerm Phrakiart ၉လမ်းဆုံက မြေအောက်လမ်းမှာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ အဆိုပါဓာတ်ပုံများသည် လူမှုကွန်ရက်အသုံးပြုသူအများအပြား၏ ဒေါသကိုထွက်ပေါ်စေခဲ့ပြီး ၎င်းတို့၏ကလေးများအသက်အန္တရာယ်ကို ဖြစ်စေသည့်ပုံစံဖြင့် စီးနင်းခဲ့သည့် မိဘများအား ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ထိုင်းနိုင်ငံ၏ လမ်းစည်းကမ်းဥပဒေသည် ဘေးကင်းရေး စိုးရိမ်မှုများကြောင့် မော်တော်ဆိုင်ကယ်များကို မြေအောက်လမ်းများ အသုံးပြုခြင်းမှ တားမြစ်ထားကြောင်း ဝေဖန်သူများက ထောက်ပြထားသည်။


မြေအောက်လမ်းကို ဖြတ်သွားသည့် ဆိုင်ကယ်တစ်စီးတည်းပေါ်တွင်လူခုနစ်ဦးကို မြင်တွေ့ရသည်မှာ ပြင်းထန်သော ယာဉ်တိုက်မှုဖြစ်နိုင်ခြေ တိုးလာသည်ဟု မှတ်ယူရသည်။ တုံ့ပြန်သည့်အနေဖြင့် ဖူးခက်မြို့ခံ Wasawat Koeithong က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရှင်းလင်းပြောကြားသည့် ဗီဒီယိုဖိုင်ကို မျှဝေခဲ့သည်။ ယင်းမြန်မာ မိသားစုက ငှားထားသည့်အိမ်မှ စျေးဝယ်ထွက်ရန်ဆိုင်ကယ်နှစ်စီးစီးလာခဲ့သည်ဟု ရှင်းပြသည်။ သို့သော်လည်း တရားဝင်ယာဉ်မောင်းလိုင်စင်မရှိဘဲ စီးနင်းမှုအတွက် ယာဉ်ထိန်းရဲများက ၎င်းတို့အား တားဆီးကာဒဏ်ရိုက်ခဲ့​သည်။ မိသားစုက ဒဏ်ကြေးပေးဆောင်ရန် မတတ်နိုင်ဟုပြောဆိုသဖြင့် ရဲများက ဆိုင်ကယ်များထဲမှ တစ်စီးကို စပေါ်ငွေအဖြစ် သိမ်းဆည်းခဲ့ပြီး လိုအပ်သော ငွေများ ပြန်လည်ရယူရန် အိမ်ပြန်ခွင့်ပြုခဲ့သည်ဟုWasawat ကဆက်လက်ပြောဆိုသည်။ မိသားစု၏ဘဏ္ဍာရေးအခက်အခဲနှင့် အတူနေရန် လိုအပ်သောကြောင့် မိဘများသည် သားသမီးများနှင့်အတူ အိမ်ပြန်ရန်အတွက်ဆိုင်ကယ်တစ်စီးထဲကိုအတူစီးရန် ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းတို့သည် အတိုဆုံးလမ်းကြောင်းဖြသ်သည့်မြေ အောက်လမ်းကို ဖြတ်ကာပြန်ခဲ့ကြခြင်းဖြစ်ပြီး ယင်းနေရာများကို ဆိုင်ကယ်များ ဖြတ်သန်းသွားလာခြင်းမှာ တရားမဝင်ကြောင်းလည်း မသိရှိခဲ့ကြဟုလည်းဆိုသည်။ Wasawat ကမိဘများနှင့် စကားပြောအပြီးတွင် ၎င်းတို့သည် အခြေအနေအတွက် တောင်းပန်ခဲ့ပြီး ထိုင်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ နားလည်မှု နည်းပါးခဲ့ကြောင်း ၀န်ခံခဲ့သည်ဟုဆိုသည်။ နောက်ပိုင်းတွင် မိသားစုသည် ၎င်းတို့၏ သားသမီးများကို မြန်မာနိုင်ငံသို့ ပြန်ပို့ပြီး ဖူးခက်တွင် အလုပ်ပြန်လုပ်ခဲ့သည်ဟုသတင်းကဆက်လက်ဖော်ပြသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *