ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဘင်္ဂလားပင်လယ်အော်အခြေအနေ
၁။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့်ကနေအားကောင်းနိုင်ပါတယ်။
မိုးအခြေအနေနဲ့မိုးရွာရက်
၂။ မိုးရွာသွန်းမှုအခြေအနေဟာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၈ ရက်ကနေ ၁၀ ရက်ခန့်နဲ့နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ ၅ ရက်ကနေ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မြစ်ရေအခြေအနေ
၄။ ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့ တို့မှာ၂ ပေကနေ၄ ပေခန့်၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ၁ ပေခန့်စီ လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်ပြီး၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့နဲ့ပြည်မြို့တို့မှာ ၂ ပေမှ ၃ ပေခွဲခန့် လက်ရှိရေမှတ်တွေအောက် ကျဆင်းလာနိုင်ပါတယ်။
၅။ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့တို့မှာ ၁ ပေခွဲကနေ ၃ ပေခွဲခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်ပြီး၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့ နဲ့မုံရွာမြို့တို့မှာ ၂ ပေ ကနေ ၄ ပေခန့် လက်ရှိရေမှတ်တွေအောက် ကျဆင်းလာနိုင်ပါတယ်။
၆။ မြစ်သာမြစ်ရေဟာကလေးမြို့မှာ ပေဝက်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ ၁ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ပဲခူးမြို့ တို့မှာ ၁ ပေကနေ၁ ပေခွဲခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာပေဝက်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာပေဝက်ကနေ၁ ပေခွဲခန့်နဲ့ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ မှာ ပေဝက်ခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်ပြီး၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့မြစ်ငယ်မြို့တို့မှာ ၁ ပေမှ ၃ ပေခန့်၊ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ ၁ ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၁ ပေခန့်နဲ့တိုးမြစ်ရေဟာ မအူပင်မြို့မှာပေဝက်ခန့် လက်ရှိရေမှတ်တွေအောက် ကျဆင်းလာနိုင်ပါတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဂြုတ် ၂၁ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။