ရွေးကောက်ပွဲအတွက် အဆင်ပြေသည့်ပတ်ဝန်းကျင် ဖန်တီးပေးဖို့ မြန်မာအဖွဲ့အားလုံးကို မလေးရှားက တိုက်တွန်းလိုက်

ဇူလိုင်လ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံရှိ ပါတီအားလုံးကို ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် ဗုဒ္ဓဟူးနေ့က တိုက်တွန်းခဲ့သည်ဟု ရိုက်တာသတင်းက ဇူလိုင် ၉ရက်နေ့တွင်ဖော်ပြသည်။ မိုဟာမက်သည် မလေးရှားနိုင်ငံ မြို့တော်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေစဉ်ဤသို့ဆိုခဲ့ခြင်းဖြစ်သည်။


၎င်း၏ ပြောကြားချက်သည် စစ်ဘက်ကအုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲအား အာဆီယံ ဥက္ကဋ္ဌ မလေးရှားက ထောက်ခံနေခြင်း ရှိမရှိ ကိုမူရှင်းရှင်းလင်းလင်း မသိရသေးဟုရိုက်တာကဆက်လက်ဖော်ပြသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *