မြဝတီ၂၇၅ထဲက ထိုင်းပြန်စစ်သားအများစု အမှတ်၂ တံတားနားကို ရုတ်တရက်တပ်စွဲထား

ဩဂုတ်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် ၂၇၅တပ်ထဲက ထိုင်းပြန်စစ်သား အင်အား ၂၀၀ကျော်ခန့်ဟာ ထိုင်း-မြန်အမှတ်၂ ချစ်ကြည်ရေးတံတားအနီးမှာ ရုတ်တရက် တပ်စွဲထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကနေ စခန်းစွန့်ပြီး ထိုင်းဘက်ထွက်ပြေးခဲ့ကြရတဲ့ စစ်သားတွေဟာ မြဝတီ ခလရ ၂၇၅ထဲအင်အားပြန်စုကာ မနေ့ညပိုင်းမှာ အမှတ်၂တံတားအနီးကို အင်အားအလုံးအရင်းနဲ့ တပ်စွဲခဲ့တာလို့သိရပါတယ်။


“၂၇၅ထဲက စခတွေ အမှတ်၂တံတားဘက် အလုံးအရင်းနဲ့တပ်စွဲထားကြတယ်။ မနေ့ညကပါ။ အခုကတံတားဖြတ်သန်းခွင့်ပိတ်ထားတယ်။ ဒီကောင်တွေက ထိုင်းဘက်ထွက်ပြေးပြီးပြန်စုထားတဲ့ စုပေါင်းစပ်ပေါင်းတပ်ကကောင်တွေပါ။ အာရှလမ်းမှာလည်း အခြေမလှတော့ အမှတ်၂တံတားဘက်ပြန်ဖြန့်ထားတဲ့သဘောပေါ့။ တကယ်တိုက်ရင်တော့ သူတို့လဲမခံနိုင်ဘူးရယ်”လို့မြို့ခံတဦးကပြောပါတယ်။ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်၂ကို နေပြည်တော်အမိန့်နဲ့ဆိုပြီး စစ်အုပ်စုဘက်က ဩဂုတ်လ ၁၈ရက်နေ့မှာ တဘက်ထိုင်းနိုင်ငံကို အကြောင်းမကြားဘဲ ပိတ်ထားခဲ့ပြီး လက်ရှိမှာ ခလရ ၂၇၅ထဲကစစ်သားတွေဟာ ရုတ်တရက် တပ်စွဲထားတာဖြစ်ပါတယ်။

#သောင်ရင်းသတင်းလွှာ #မြဝတီ #အမှတ်၂တံတား #စကစ #တပ်စွဲ #ခလရ၂၇၅

By admin

Leave a Reply

Your email address will not be published. Required fields are marked *