ဇူလိုင်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် (၈) ဦးတို့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသောနေ့ကို အောက်မေ့သတိရသည့် (၇၈) နှစ်ပြည့် အာဇာနည်နေ့ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံအနာဂတ်အတွက်ကြိုးပမ်းရာတွင် အသက်စတေးခဲ့ကြသူများအားလုံးကို ဗြိတိသျှသံရုံး၊ရန်ကုန်အနေဖြင့် မြန်မာပြည်သူများနှင့်ထပ်တူ လေးစားအမှတ်ရနေပါသည်။
ဤတွင် အရပ်သားပြည်သူပေါင်းများစွာ သတ်ဖြတ်ခံရခြင်းများလည်း ဝမ်းနည်းဖွယ် ပါဝင်နေပြီး ၄င်းသည် မည်သို့မျှ လက်သင့်ခံနိုင်ဖွယ်ရာမရှိပါ။ ယူကေအစိုးရသည် မြန်မာပြည်သူပြည်သားများနှင့် ၄င်းတို့ရည်မှန်းသော ဒီမိုကရေစီနှင့်လွတ်လပ်မှုတို့နှင့်အတူ ဆက်လက်ရပ်တည်သွားမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။