ဇူလိုင်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
၂၀၂၅ခုနှစ် ဇူလိုင်လ ၁၉ရက်မှာကျရောက်သော ၇၈ကြိမ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုကြောင်းရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကထုတ်ပြန်သည်။
ထုတ်ပြန်ချက်မှာယနေ့ကျရောက်သော အာဇာနည်နေ့တွင် လွန်ခဲ့သည့် ၇၈နှစ်က မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ရင်း အဆုံးတိုင်စွန့်လွှတ်အနစ်နာခံသွားခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကျဆုံးလေပြီးသော ခေါင်းဆောင်ကိုးဦးကို အမေရိကန်ပြည်ထောင်စုက အောက်မေ့ဂုဏ်ပြုအပ်ပါသည်။ ၎င်းတို့၏ အမွေအနှစ်များက ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်ရေးနှင့် တရားမျှတမှုတို့ကို ကြိုးပမ်းအားထုတ်ရာတွင် လူသားအားလုံးအတွက် စိတ်ဓါတ်ခွန်အားများ ဆက်လက်ပေးအပ်လျက်ရှိပါသည်ဟု ဖော်ပြသည်။