အပူပိုင်းမုန်တိုင်း Wipha ကြောင့် ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံအနှံ့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မည်

ဇူလိုင်လ ၂၂၊ ၂၀၂၅ ။သောင်ရင်းသတင်းလွှာ

အပူပိုင်းမုန်တိုင်း Wipha သည် ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အနောက်အလယ်ပိုင်း၊ အရှေ့နဲ့တောင်ပိုင်း (အနောက်ဘက်ကမ်းရိုးတန်း) အပါအဝင် ဒေသအသီးသီးမှာမိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မယ်လို့ခန့်မှန်းရတယ်လို့ The Nation သတင်းက ဇူလိုင် ၂ရက်မှာဖော်ပြပါတယ်။ ထိုင်းမိုးလေဝသဌာန (TMD) ရဲ့အဆိုအရ မုန်တိုင်းဟာ တုံကင်ပင်လယ်ကွေ့ကို ရွေ့လျားသွားကြောင်း သိရပါတယ်။ ညနေ ၄ နာရီအချိန်ခန့်မှာ ဗီယက်နမ်နိုင်ငံ Thai Binh ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၅၀ ခန့်အကွာမှာတည်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၈၅ ကီလိုမီတာ ရှိကြောင်း သိရပါတယ်။ မုန်တိုင်းဟာလက်ရှိမှာတော့အနောက်-အနောက်တောင်ဘက်ကို တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းနဲ့ရွေ့လျားနေပြီး ဇူလိုင် ၂၂ ရက်မှာဗီယက်နမ်နိုင်ငံ Thai Binh ကုန်းတွင်းပိုင်းကို၀င်ရောက်ပြီး အပူပိုင်းလေဖိအားနည်းရပ်ဝန်းမှ အားပျော့သွားပြီး ထို့နောက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ်သို့ ရောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။


အနောက်တောင်မုတ်သုံလေဟာကပ္ပလီပင်လယ်ပြင်၊ ထိုင်းနဲ့ ပင်လယ်ကွေ့တို့မှာဆက်လက်အားကောင်းနေချိန်တွင် မုန်တိုင်းဟာ လာအိုအထက်ပိုင်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းတို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်ဖွယ်ရှိနေပါတယ်။ အထူးသဖြင့် ရေလမ်း၊ တောင်ခြေနဲ့မြေနိမ့်ပိုင်းတွေအနီးမှာ လျှပ်တစ်ပြက် ရေကြီးခြင်းနဲ့ရေလျှံခြင်းတွေဖြစ်ပေါ်နိုင်တဲ့ မိုးသည်းထန်ခြင်းမှ အလွန်သည်းထန်စွာရွာသွန်းခြင်းနဲ့ မြေပြိုခြင်းတို့ကို ပြည်သူများအား သတိထားရန် TMD ကအကြံပြုထားပါတယ်။ ထိခိုက်သည့်နေရာတွေကတော့ ဇူလိုင် ၂၁ မြောက်ဘက်- ချင်းရိုင်၊ ဖေါအို၊ နန်၊ ဖရက်၊ ဥထရဒစ်၊ တာ့ခ်၊ ကမ်ဖန်ပက်၊ ဖိနစ်၊ ဖိစူလာ့ခ် နှင့် ပက်ချာဘွန်း။

အရှေ့မြောက်ဘက်မှာ လွိုင်း၊ Nong Khai၊ Bueng Kan၊ Udon Thani၊ Sakon Nakhon၊ Nakhon Phanom၊ Kalasin နှင့် Mukdahan တို့ဖြစ်ပါတယ်။

အလယ်ပိုင်း- Nakhon Sawan၊ Uthai Thani၊ Chai Nat၊ Suphan Buri၊ Kanchanaburi၊ Ratchaburi၊ Nakhon Pathom၊ Samut Songkhram နဲ့ Samut Sakhon အပါအဝင် ဘန်ကောက်နဲ့ ၎င်းရဲ့အနီးတစ်ဝိုက်။

အရှေ့-နခွန်နော့ခ်၊ ပရာချင်ဘူရီ၊ ဆာကေအို၊ ချန်းသဘူရီနဲ့ ထရက်။

တောင်ပိုင်း- Phetchaburi၊ Prachuap Khiri Khan၊ Ranong နဲ့ Phanngga တိုဖြစ်ကြပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *