ဇူလိုင်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အမှတ် ၃၅ ရိန်းဂျားအထူးတပ်ဖွဲ့က တာ့ခ်ခရိုင် ဘန်ခွန်မဲဝေမှာ မောင်းသူမဲ့ဒရုန်းလေယာဉ်တစ်စင်း ဇူလိုင် ၂၂ ရက် နံနက်က ရွာမှ ၅ ကီလိုမီတာခန့်အကွာ တောအုပ်အတွင်း ပျက်ကျခဲ့တယ်လို့သိရကြောင်း Khaosod သတင်းကဇူလိုင် ၂၂ရက်နေ့ကဖော်ပြပါတယ်.။
ကနဦးစစ်ဆေးချက်အရ ဓာတ်ငွေ့ဆလင်ဒါပါတဲ့ကာမီကာဇေး(အသေခံ)ပုံစံ ဒရုန်းအမျိုးအစားဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဒရုန်းတွေဟာ မတ်လ ၁၈ ရက်နဲ့ဇွန်လ ၁၂ ရက်နေ့တွေကကလိုယောလေး အခြေစိုက်စခန်းအနီး ဗုံးကြဲတိုက်ခိုက်မှုတွေမှာအသုံးပြုတဲ့အမျိုးအစားတွေနဲ့တူညီနေပါတယ်။

၎င်းဟာမြန်မာစစ်တပ်ဆီကလို့သံသယရှိဖွယ်ရှိပြီး နယ်စပ်ဖြတ်ကျော် KNLA အခြေစိုက်စခန်းကို တိုက်ခိုက်ရန် ရည်ရွယ်ထားပေမယ့်လည်း ထိုင်းနိုင်ငံထဲမှာပျက်ကျခဲ့တာဖြစ်ပါတယ်။