ဇူလိုင်လ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကမ္ဘောဒီးယားတပ်ဖွဲ့တွေက BM-21 Grad 122mm ဒုံးပစ်လောင်ချာမျိုးစုံကို အသုံးပြုပြီး ထိုင်းနိုင်ငံရှိ ဆူရင်နဲ့ Sisaket နယ်စပ်ဒေသတွေကို ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့တယ်လို့ The Nation ကဇူလိုင် ၂၄ ရက်မှာဖော်ပြပါတယ်။ ကနဦးသတင်းတွေအရ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေက Sisaket ခရိုင် Ban Phue၊ Kantaralak မြို့ Ban Phue ရှိ PTT ဓာတ်ဆီဆိုင်အတွင်း တည်ရှိတဲ့ 7-Eleven ကုန်စုံဆိုင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းသားတွေနဲ့အရပ်သားတွေအပါအဝင် ထင်ရှားတဲ့အသေအပျောက်တွေရှိခဲ့ပါတယ်။
ယနေ့ ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီ ၄၂ မိနစ်မှာကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေက ထိုင်းနိုင်ငံ၊ ကပ်ချိုင်ခရိုင်ရှိ ရပ်ရွာရှိ အရပ်သားနေအိမ်တွေကို BM-21 Grad ဒုံးကျည်တွေနဲ့ထပ်မံပစ်ခတ်မှုကြောင့် အသေအပျောက် ပိုများလာခဲ့ပါတယ်။ အခြားဖြစ်ရပ်တစ်ခုမှာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေက Surin ခရိုင်ရှိ Phanom Dong Rak ဆေးရုံကို ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့လို့ဒေသတွင်း အကြမ်းဖက်မှုတွေပိုမိုဆိုးရွားလာခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေဘေးကင်းရေးကို စိုးရိမ်မှုတွေ မြင့်တက်လာပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့သိရပါတယ်။အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်နေတာ်လို့လည်းသတင်းကဆိုပါတယ်။