ကျွန်တော် ထွက်မပြေးပါဘူး ရဲဘော်တို့၊ စိတ်မပူကြပါနဲ့” – ဟွန်ဆန်

ဇူလိုင်လ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထိုင်းသတင်းစာတွေ ဖော်ပြသလို သူ တရုတ်နိုင်ငံကို ထွက်ပြေးသွားတာ မဟုတ်ကြောင်း ဓာတ်ပုံတွေနဲ့ ထုတ်ပြလိုက်တယ်လို့ BBC က​ဇူလိုင် ၂၄ ရက်နေ့နှောင်းပိုင်းကဖော်ပြပါတယ်။

“ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးတို့နဲ့ အတူ ဗီဒီယိုအပါအဝင် တခြားပလက်ဖောင်းတွေကနေ စစ်ရေးအတွက် ပါဝင်ဆောင်ရွက်နေပါတယ်။ ရဲဘော်တို့ စိတ်မပူပါနဲ့။ ကျွန်တော် ဘယ်မှ ထွက်မပြေးပါဘူး” လို့ သူ့ရဲ့ ဖေ့ဘွတ်ခ် ကနေ ကြေညာပါတယ်။

ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံကနေ တရုတ်နိုင်ငံကို လေယာဉ်တစ်စင်းနဲ့ထွက်ပြေးသွားခဲ့ပြီလို့ ထိုင်းသတင်းဌာနတစ်ခုရဲ့ရေးသားမှုကို သူက အခုလို တုံ့ပြန်ခဲ့တာပါ။

နောက်ပြီး ထိုင်းစစ်တပ်က Ta Moan Thom ဘုန်းကြီးကျောင်းဝင်ပေါက်ကို ပိတ်မယ်လို့ ခြိမ်းခြောက် ခဲ့ချိန်က စလို့ သူဟာ ဒီနေရာမှာပဲ ရှိနေခဲ့တာလို့ သူက ရေးသားပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *