ယူကေအစိုးရက လွန်ခဲ့သည့်သုံးနှစ်မှာ မြန်မာစစ်အစိုးရရဲ့ မတရားကွပ်မျက်ခြင်းကိုခံခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦးကိုအောက်မေ့သတိရတယ်လို့ဆို

ဇူလိုင်၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံမှာ ဝမ်းနည်းကြေကွဲဖွယ် အသက်ဆုံးရှုံးခဲ့ရသူများအားလုံးနဲ.အခုအချိန်ထိ ဆက်လက်ပြီး မတရားဖမ်းဆီးချုပ်နှောင်ခံနေရသူတွေအားလုံးကိုလည်း အောက်မေ့သတိရပါတာ်လို့ ရန်ကုန်မြို့ ​ဗြိတိသျှသံရုံးက ဇူလိုင် ၂၄ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ၄င်းတို့ဟာအကြမ်းဖက်စစ်ဆေးမှုများ၊ နှိပ်စက်ညှင်းပန်းမှုများကြုံတွေ့ရသည့်အပြင် လုံလောက်သောဆေးဝါးကုသမှုရရှိပိုင်ခွင့်ကို ငြင်းပယ်ခံရခြင်းများနှင့်လည်း မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့လူ့အခွင့်အရေးကို လေးစားလိုက်နာရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီးအခုအချိန်ထိ နိုင်ငံရေးအကျဥ်းသား ၂၂,၀၀၀ ကျော် ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ပြီး နိုင်ငံရေးအကျဥ်းသား ၇,၀၀၀ နီးပါး ဖမ်းဆီးချုပ်နှောင်ခံထားရစဥ်အတွင်း သေဆုံးခဲ့ရပါနာ်။


ယခုရက်သတ္တပတ်အတွင်းမှာပဲကျောင်းသားများသမဂ္ဂအဖွဲ့ဝင်အဖြစ် တက်ကြွလှုပ်ရှားသူ မဝတ်ရည်အောင်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအဖွဲ့ဝင် နိုင်ငံရေးလှုပ်ရှားသူ ကိုပြည့်စုံအောင်တို့ ဖမ်းဆီးချုပ်နှောင်ခံထားရစဥ်အတွင်း သေဆုံးခဲ့ရတဲ့ သတင်းအစီရင်ခံစာတွေကြေကွဲဝမ်းနည်းဖွယ် ထွက်ပေါ်လာပါတယ်။ အကျဥ်းထောင်အတွင်းမှာအချိန်မီဆေးဘက်ဆိုင်ရာကုသမှု မရရှိခဲ့ခြင်းက ၄င်းတို့အသက်ဆုံးရှုံးမှုမှာ အဓိကအကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ ထင်ရှားပါတယ်။ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူတွေအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ ယူကေအစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်လို့ကြေငြာချက်ကဆက်လက်ဖော်ပြပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *