ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လာအို၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ နေရာအနှံ့အပြားတွမှာ မရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိသလ်ု ရာနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ UCA News စာမျက်နှာကသြဂုတ် ၃၀ရက်မှာဖော်ပြပါတယ်။
ပင်လောင်းမြို့နယ် ဧဒင်ကျေးရွာမှာရေနစ်မြုပ်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ကက်သလစ်အသင်းတော် တာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ သိရပါနယ်။ ဧဒင်မှာ နေထိုင်သူ ၈၀၀ ခန့်မှာ အများစုဟာ ဖယ်ခုန်မြို့ရှိ မြင့်မြတ်သော ယေရှုဘုရားရှိခိုးကျောင်းကခရစ်ယာန်ဘုန်းကြီးရဲ့အစောင့်ရှောက်ခံကက်သလစ်ဘာဝင်တွေဖြစ်ကြပါတယ်၊” ရွာက ဘုရားရှိခိုးကျောင်းငယ်လေးမှာ ဘုန်းကြီး မရှိဘူး”လို့ရွာသားတစ်ယောက်ကဆိုပါတယ်။ ရေဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဖယ်ခွန်မြို့ကဘရာသာ ဇင်မင်း က သေဆုံးသူ နှစ်ဦးဟာ ကက်သလစ်ဘာသာဝင်တွေဖြစ်တယ်လို့ ပြောပါတယ်။ မြေပြိုမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့တယ်လ်ု့ ၎င်းက အတည်ပြုပြောကြားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်တန်းတွေဆီကရေတွေ တဟုန်ထိုး တက်လာပြီး သြဂုတ် ၂၈ ရက်က ရုတ်တရက် မြေပြိုမှု ဖြစ်ပွားခဲ့တယ်လို့၎င်းက ပြောပါတယ်။ “ကျွန်တော်တို့ ဘုရားကျောင်းအတွင်းကိုရွာသူရွာသားတွေအတွက် နေစရာပေးထားပြီး တတ်နိုင်သလောက် ချက်ပြုတ်ကျွေးမွေးဖို့ ကျန်နေသေးတဲ့ အစားအစာတွေကို မျှဝေပြီး ချက်ပြုတ်ထားပါတယ်” လို့ ဘရာသာ ဇင်မင်းက UCA News ကိုပြောပါတယ်။ ပင်လောင်းမြို့နယ်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ခုက စေတနာ့ဝန်ထမ်းတွေနဲ့အလှူရှင်တွေက သြဂုတ် ၂၉ ရက်က ရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက်နဲ့အခြားလိုအပ်တဲ့ပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “ဒါပေမယ့် ရေရှည်မှာ သူတို့ရဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်ဖို့ ပံ့ပိုးကူညီမှုတွေ အများကြီး လိုအပ်နေသေးတယ်” လို့ ၎င်းက ဆိုပါတယ်။
ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်း Kajiki ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တယ်လို့မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသြဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရှမ်းပြည်နယ်၊ မန္တလေး-စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နေပြည်တော် တို့မှာနောက်ဆက်တွဲ ရေကြီးမြေပြိုမှုတွေဖြစ်ပေါ်လာနိုင်ပြီးမုန်တိုင်းသည် လေဆင်နှာမောင်းအဖြစ်ကို ပြောင်းလဲပြီး နှစ်ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့သတိပေးထားပါတယ်။ “ရေကြီးတာကြောဂ့် ငါတို့အိမ်ကို မျောပါသွားတယ်။ အိမ်ထဲမှာ အဖိုးတန်ပစ္စည်းတွေကို ယူဖို့ အချိန်မလောက်ဘူး” လို့ဧဒင်ရွာမှာနေထိုင်သူ မဖြူစင် အသက် ၂၇ နှစ် က UCA News ကိုပြောပါတယ်။ ဧဒင်ရွာကနေ ၇၅ ကီလိုမီတာခန့်အကွာရှိ နိုင်ငံတော် မြို့တော်နေပြည်တော်ရဲ့နေရာအနှံ့အပြားမှာသြဂုတ် ၂၇ ရက်က ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ နပ်ကုန်းနဲ့ ဇေယျာသီရိမြို့နယ်တွေရှိ ရေဘေးသင့်မြေနိမ့်ပိုင်းကျေးရွာ ၁၀ ရွာက ရာနှင့်ချီတဲ့ဒေသခံတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးထားတယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ပြောကြားချက်ကို ကိုးကားပြီး ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ကယ်ဆယ်ရေးအဖွဲ့တွေက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ပျဉ်းမနားသကြားစက်အနီးရှိ ကျေးရွာတွေမှာ စက်လှေတွေပြင်ဆင်နေတယ်လို့သိရပါတယ်။ “နေပြည်တော်ရဲ့ အရပ်ရပ်က တက်လာတဲ့ ရေတွေက လာမယ့်ရက်တွေမှာ ရေကြီးနိုင်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်” လို့ဒေသခံတစ်ယောက်ကဆိုပါတယ်။ စစ်တောင်းမြစ်ကမ်းတစ်လျှောက်ရှိ ဒေသခံတွေကို ကြိုတင်ပြင်ဆင်ပြီး နေရာရွှေ့ပြောင်းဖို့တိုက်တွန်းထားတယ်လ်ု့လည်းသတင်းကဆိုပါတယ်။
မြန်မာနိုင်ငံရှိ မြေနိမ့်ပိုင်းဒေသများတွေမှာနှစ်စဉ်လိုလို ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပါတယ်။ ၂၀၂၃ ခုနှစ်မှာ ရန်ကုန်နှင့် ပဲခူးတိုင်းအတွင်း ရေကြီးမှုကြောင့် အနည်းဆုံး လူ ၃ သောင်းခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာ ဆယ်စုနှစ် ခြောက်ခုခန့်အတွင်း မိုးရွာသွန်းမှု အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ်။ ၂၀၂၄ခုနှစ်မှာအနည်းဆုံး လူ ၂၂၆ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီပြီးပျောက်ဆုံးသွားခဲ့ပါတယ်၊ လူပေါင်း ၆၃၁,၀၀၀ ခန့်ဟာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရေကြီးမှုဒဏ်ကို ခံခဲ့ရပါတယ်။ အင်အားပြင်း တိုင်ဖွန်း Yagi ကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ယခုနှစ် ဇွန်လမှ သြဂုတ်လဆန်းပိုင်းအထိ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှနဲ့မွန်ပြည်နယ်တို့မှာ ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူပေါင်း ၈၅,၀၀၀ ခန့် ထိခိုက်ခဲ့ကြပါနယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာအနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့သတင်းကဆက်လက်ဖော်ပြပါတယ်။