ဇူလိုင်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဂျီနီဗာကွန်ဗင်းရှင်းက အရပ်သားဆေးရုံတွေကို တိုက်ခိုက်တာကို တားမြစ်ထားပါတယ်။ Phanom Dong Rak ဆေးရုံကို ကမ္ဘောဒီးယားက တိုက်ခိုက်မှုကို ထိုင်းနိုင်ငံက ရှုတ်ချပြီး ၎င်းဟာကြီးလေးသော ချိုးဖောက်မှုလိုခေါ်ဆိုတယ်လို့ The Nation သတင်းကဇူလိုင် ၂၅ရက်မှာဖော်ပြပါတယ်။ မကြာသေးမီက ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုကြောင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ အခြေအနေဟာပိုမိုတင်းမာလာခဲ့ပါတယ်။ ကမ္ဘောဒီးယားစစ်တပ်က BM-21 ဒုံးပျံနဲ့ပစ်ခတ်ခဲ့ပြီး အဓိကပစ်မှတ်များထဲက တစ်ခုဟာဆူရင်ခရိုင်၊ Kap Choeng မြို့ရှိ Phanom Dong Rak ဆေးရုံဟာ အရပ်ဘက် ကျန်းမာရေး စောင့်ရှောက်မှု ပေးဆောင်တဲ့ နေရာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ အထူးသဖြင့် ဂျီနီဗာကွန်ဗင်းရှင်းတွေကို ချိုးဖောက်မှုဖြစ်နိုင်ချေရှိတဲ့အလားအလာတွေကို ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်မှုဖြစ်စေပါတယ်။
၁၉၄၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ဂျီနီဗာကွန်ဗင်းရှင်း ရဲ့ ပုဒ်မ ၁၈ အရ အရပ်သားဆေးရုံတွေကို ပစ်မှတ်ထားခြင်းကို အတိအလင်း တားမြစ်ထားပြီး ဒဏ်ရာရသူ၊ ဖျားနာသူ၊ မသန်စွမ်းသူများနဲ့ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ပြုစုစောင့်ရှောက်ရန် တည်ထောင်ထားတဲ့ဆေးရုံတွေကို အကာအကွယ်ပေးရမှာ ဖြစ်ပြီး ဘယ်လို့အခြေအနေမျိုးမှာမဆို တိုက်ခိုက်ခြင်း မပြုရပါဘူး။ တစ်နည်းဆိုရသရင်ဆေးရုံတွေကို စစ်ရေးရည်ရွယ်ချက်လို့မယူဆဘဲ ထိုနေရာတွေကို တိုက်ခိုက်ခြင်းဟာ တင်းကျပ်တဲ့ တားမြစ်ချက်ဖြစ်ပါတယ်။ ပုဒ်မ ၈၅(၃) အရ အရပ်သားဆေးရုံကို တမင်တကာ တိုက်ခိုက်ခြင်းဟာ ကွန်ဗင်းရှင်းကို ပြင်းထန်စွာ ချိုးဖောက်မှုလို့ ယူဆပြီး မတော်တဆ တိုက်ခိုက်ခြင်းထက် ရည်ရွယ်ချက်ရှိရှိနဲ့ဖောက်ဖျက်ခြင်းလို ပြနိုင်ရင် စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ပါတယ်။
ဂျီနီဗာ သဘောတူညီချက် လေးခုနဲ့ ၎င်းတို့ရဲ့ထပ်တိုးလုပ်ထုံးလုပ်နည်းတွေကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ထိုင်းနိုင်ငံဟာ၎င်းရဲ့နိုင်ငံသားတွေကို အကာအကွယ်ပေးရေးနဲ့နိုင်ငံတကာ စင်မြင့်မှာ ဒီစံနှုန်းတွေအတွက် ထောက်ခံအားပေးမှု အပါအဝင် အဆိုပါအခြေခံမူတွေကို လိုက်နာဖို့ကတိပြုထားပါတယ်။ Phanom Dong Rak ဆေးရုံကို ဆက်လက်တိုက်ခိုက်ခြင်းဟာ ဒီအခြေခံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကို ချိုးဖောက်တာဖြစ်ပြီး ဒီလိုစစ်ရေးရန်စမှုတွေကို တုံ့ပြန်ဖို့အတွက် နိုင်ငံတကာအရေးယူဆောင်ရွက်မှုနဲ့တာဝန်ခံမှုတို့လိုအပ်တယ်လို့အလေးပေးဖော်ပြပါတာ်။ ထိုင်းနိုင်ငံက၎င်းရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရန်နဲ့အထူးသဖြင့် မတည်ငြိမ်တဲ့နယ်စပ်ဒေသတွေရှိ ပြည်သူများရဲ့လုံခြုံရေးကို အာမခံရန်ပြုထားတဲ့ကတိကဝတ်တွေအရ ဒဖစြ်ရပ်ကို အပြင်းထန်ဆုံး ရှုတ်ချခဲ့ပါတယ်။