လူမှုကွန်ရက်မှာလက်တလောပြန့်နေတဲ့မြန်မာနိုင်ငံသားကို ထိုင်းအမျိုးသားက ထိုးကြိတ်နှိပ်စက်နေမှုအပေါ် 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)က ကူညီဆောင်ရွက်ပေးသွားမယ်လို့သိရ

ဇူလိုင်လ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

လတ်တလော facebook လူမှုကွန်ရက် စာမျက်နှာမှာထိုင်းနိုင်ငံသားတစ်ဦးက ကမ္ဘောဒီယားနိုင်ငံသားကိုထိုးကြိတ်နေတယ်ဆိုတဲ့ခေါင်းစဥ်နဲ့ဖြစ်စေ အမျိုးမျိုးသောခေါင်းစဥ်နဲ့ပြန့်နေတဲ့ဗီဒီယိုဟာ ကမ္ဘောဒီယားနိုင်ငံသားမဟုတ်ပဲ မြန်မာနိုင်ငံသား ဖြစ်နေခဲ့ပါတယ်လို့ မြန်မာလူသားခြင်းစာနာမှုဆိုင်ရာလှုပ်ရှားမှုဌာန MHACလူမှုကွန်ယက်ကဇူလိုင် ၂၇ရက်ကဖော်ပြပါတယ်။

ဖြစ်စဥ်ကတော့ထိုင်းနိုင်ငံ ပထုန်ဋ္ဌာနီမှာဇန်နဝါရီလ ၁ရက်နေ့က အသက် ၂၄ နှစ်အရွယ် သားညီအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးဟာ နှလုံးရောဂါအခံရှိတဲ့ ၎င်းရဲ့ ၁လသားအရွယ်ကလေးအတွက် ည၉နာရီအချိန်ခန့်မှာအပြင်ထွက်ဆေးဝယ်ထွက်စဥ် ပထုံ ဆေးရုံအနီးမှာ ဆိုင်ကယ်ဘီးပေါက်သွားခဲ့ပါတယ်။ ဒါကြောင့်ဒီအမျိုးသားကအနီးနားရှိ ပြင်ဆိုင်မှာပြင်ခဲ့ပြီး ထိုင်းဘတ်ငွေ ၁၄၀ ကုန်ကျခဲ့လို့ ပါလာတဲ့၅၀၀တန်နဲ့၁၀၀၀တန်ကို ပေးချေပေမယ့်လည်း အကြွေမရှိလို့ အကြွေလဲပေးလို့ဆိုတာကြောင့် ညီမဖြစ်သူဆီကိုအကြွေ သွားယူဖို့ထွက်လာခဲ့ပါတယ်။

အကြွေလဲခိုင်းတာကြောင့် ညီမဖြစ်သူထံကအကြွေယူပေးဖို့ထွက်လာခဲ့တာကို လိမ်ပြေးတယ်လို့ဆိုပြီး အနောက်ကနေကားတစ်စီး ဆိုင်ကယ်တစ်စီးနဲ့လိုက်လာပြီး လမ်းခုလတ် နယ်မြေခံရဲစခန်းအနီးမှာ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်က ထိုးကြိတ်ပြီး ပါလာတဲ့နောက်တစ်ဦးကဗီဒီယိုရိုက်ခဲ့ပါတယ်။

နစ်နာသူ မြန်မာအမျိုးသားဟာာ ဆေးရုံကနေဆင်းလာတာ ၁၀ရက်ခန့်သာရှိသေးတဲ့ဇနီးနဲ့နှလုံးရောဂါအခံရှိတဲ့၁လသားအရွယ်ကလေးကိုထိခိုက်မှာစိုးတာကြောင့် တိတ်တဆိတ်နေခဲ့ပေမယ့်လည်း အခုအခါ ကျူးလွန်တဲ့ထိုင်းအမျိုးသားဘက်က ယင်းနှိပ်စက်နေတဲ့ဗီဒိုဖိုင်ကို facebookမှာ လူလိမ်လို့ဆိုကာတင်လာတာကြောင့်ကူညီပေးပါရန် ကိုရဲမင်းအေအေစီဦးဆောင်တဲ့ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့ထံ)အကူညီတောင်းခံလာခဲ့ပါတယ်။

မိမိတို့တို့ဘက်ကလည်း နစ်နာသူ မြန်မာအမျိုးသားရဲ့အလုပ်ရှင်သူဌေးနဲ့ပူပေါင်းကာပြီးဆုံးသည်အထိ ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး နစ်နာသူက်ုမေးမြန်းထားတဲ့ဗီဒီယိုဖိုင်ကိုလည်းဆက်လက်ထုတ်ပြပေးသွားမှာဖြစ်ပါတယ်လို့လည်းဆက်လက်ဖော်ပြပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *