မြန်မာနိုင်ငံကို ပို့ကုန်လမ်းကြောင်းပြောင်းဖို့အကြံပြုချက်တွေပေးထား

စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

တာ့ခ်ခရိုင် မဲဆောက်စစ်ဆေးရေးဂိတ်မှာ တင်းကျပ်တဲ့ သွင်းကုန်ထိန်းချုပ်မှုတွေကြောင့် ထိုင်းဆန်တင်ပို့သူတွေက ရနောင်းနဲ့ မယ်ဆိုင်စစ်ဆေးရေးဂိတ်တွေဆီ လမ်းကြောင်းပြောင်းတင်ပို့ဖို့ အကြံပြုထားတယ်လို့ ဘန်ကောက်ပို့စ်ကစက်တင်ဘာ ၂ရက်မှာဖော်ပြပါတယ်။ မြဝတီ-မဲဆောက်နယ်စပ်နဲ့ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၂ တို့ကို သြဂုတ် ၁၈ ရက်က ပိတ်လိုက်တာကြောင့် မြန်မာနိုင်ငံကိုထိုင်းဆန်တင်ပို့မှု ထိခိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ သွင်းကုန်လိုင်စင်နဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်မှု ဖြေလျှော့နိုင်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးခဲ့တယ်လို့နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စအာရာဒါ ဖူတုံက ပြောပါတယ်။ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား (၂) ကို အသုံးပြုရန် စီစဉ်နေတဲ့ ထိုင်းဆန်တင်ပို့သူတွေကို မြန်မာနိုင်ငံ အာဏာပိုင်တွေက ၎င်းတို့ရဲ့ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းကနေ မြန်မာနိုင်ငံကော့သောင်းထိုင်းဆိပ်ကမ်းကိုသို့မဟုတ် မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်ကနေတဆင့် တင်ပို့ကြဖိူ့အကြံပြုထားတယ်လို့သူကက ဆိုပါတယ်။ ပို့ကုန်ဝင်ငွေနည်းဥပဒေတွေကို ပြန်လည်အကဲဖြတ်ဖို့ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို မြန်မာကိုယ်စားလှယ်က လက်ခံခဲ့ပြီး ဒီကိစ္စကို မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ကုန်သွယ်မှုမူဝါဒတွေမြှင့်တင်ရန်နဲ့ နှစ်နိုင်ငံကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ချက်နဲ့ထိုင်းနိုင်ငံက မြန်မာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးကိုထိုင်းနိုင်ငံကို လာရောက်ဖို့ဖိတ်ကြားခဲ့တယ်လို့မစ္စအာရာဒါက ပြောကြားခဲ့ပါတယ်။ အခုနှစ် ပထမခြောက်လအတွင်း နှစ်နိုင်ငံကုန်သွယ်မှု စုစုပေါင်း ဘတ်ငွေ ၁၀၅.၁ ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၄.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ထိုင်းပို့ကုန်က ဘတ် ၆၃.၅ ဘီလီယံအထိ ၁၆.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သွင်းကုန် ၃၅ ရာခိုင်နှုန်း ဘတ် ၄၁.၅ ဘီလီယံ ကျဆင်းသွားပါတယ်။ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဆေးရေးဂိတ်တွေအားလုံးထဲမှာ တာ့ခ်ခရိုင်ရှိ မဲဆောက်စစ်ဆေးရေးဂိတ်ကကုန်သွယ်မှုတန်ဖိုးဟာ ထိုင်းဘတ်ငွေ ၄၅.၅ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၉.၇၁% ကျဆင်းပြီး ကန်ချနပူရီရှိဆမ်ခလဘူရီစစ်ဆေးရေးဂိတ်က ဘတ်ငွေ ၃၂.၄ ဘီလီယံ၊ ၃၃.၂% ကျဆင်းခဲ့ပါတယ်။ ရနောင်းစစ်ဆေးရေးဂိတ်ကနေ ကုန်သွယ်မှုပမာဏဟာထိုင်းဘတ်ငွေ ၁၈ ဒသမ ၂ ဘီလီယံ၊ ၁၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ချင်းရိုင်ရှိ မယ်ဆိုင်စစ်ဆေးရေးဂိတ်က တစ်ဆင့် ကုန်သွယ်မှုဟာ ဘတ် ၈ ဒသမ ၀၆ ဘီလီယံ၊ ၄၇ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဖရာချွတ်ကီရီကန်ကနေ ဘတ်ငွေ သန်း ၃၀၀ စံချိန်တင် ၉၃.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မယ်ဟောင်ဆောင်မှာတော့ဘတ် ၆၉၈ သန်း စံချိန်တင် ၂၆၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ ချင်းမိုင်ရှိမယ်စရီယန်းဟာလည်းထိုင်းဘတ်ငွေ ၁၀၄ သန်းရှိပြီး ၃၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့သတင်းကဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *