ဇူလိုင်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက ဘန်ကောက်မြို့ Chatuchak ရှိ Or Tor Kor ဈေးအတွင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအစောင့် လေးဦး သေဆုံးခဲ့တယ်လို့ Khaosod သတင်းကဖော်ပြပါတယ်။
သေနတ်သမားဟာ အနက်ရောင် ရှပ်အင်္ကျီ၊ နို့နှစ်ရောင် ဘောင်းဘီတိုနဲ့ စစ်ပုံစံ ကျောပိုးအိတ်ကို ကိုင်ဆောင်လွယ်ထားတဲ့သက်ကြီးရွယ်အိုတစ်ဦးလို့ဖော်ပြခဲ့ပါတယ်။နောက်ပိုင်းမှာ ပြစ်မှုကျူးလွန်သူဟာ မိမိကိုယ်ကို သတ်သေသွားတယ်လို့လည်းသတင်းကဆိုပါတယ်။