မိုးအဆက်မပြတ်ရွာသွန်းပြီး ထိုင်း-မြန်မာနယ်စပ်မှာ ရေကြီး

ဇူလိုင်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်း-မြန်နယ်စပ်ရှိ မြဝတီနဲ့ မဲဆောက်မြို့တွေမှာ မိုးတွေ အဆက်မပြတ်ရွာသွန်းပြီး သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်လာတာကြောင့် အမှတ်၁ချစ်ကြည်ရေးတံတားနီးမှာ ရေကြီးနေတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။


ဒီနေ့မှာ ထိုင်း-မြန်မာနယ်စပ်အမှတ်၁တံတားအနီး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာကြောင့် နေအိမ်အဆောက်အဦးတွေနစ်မြှုပ်ပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေးခဲ့ရတာဖြစ်ပါတယ်။

“ကမ်းကူးလက်မှတ်သက်တမ်းတိုးသွားတာ။ ရေတွေတအားကြီးနေတာ။ ကမ်းနားဈေးလည်း ရေမြှုပ်ပြီဗျ။ မြဝတီဘက်က ပိုတောင်ဆိုးသေး။ အကုန်ရေကြီးနေတာ။ သောင်ရင်းမြစ်ရေက အတော်လေးတက်လာတာ။ ဒီလိုမိုးဆက်ရွာမယ်ဆိုရင်တော့ အခြေအနေပိုဆိုးမယ်။ မဲဆောက်ဘက်ကမ်းနားကလူတွေ အကုန်ရေဘေး ကြုံနေရပြီ”လို့ မဲဆောက်နဲ့မြဝတီကမ်းကူးလက်မှတ်နဲ့နေထိုင်သူတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။

ဒီရက်ပိုင်း မိုးက အဆက်မပြတ်ရွာချနေတာကြောင့် မြဝတီမြို့ အမှတ်၁၊ ၂ရက်ကွက်တွေမှာ ရေကြီးနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ဒေသနေပြည်သူတွေကို ကုန်းမြင့်ရာ ရေဘေးကယ်ဆယ်ရေးစခန်းတွေဆီကို ရွေ့ပြောင်းပေးတာတွေလုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

#သောင်ရင်းသတင်းလွှာ #ထိုင်း #မဲဆောက် #မြဝတီ #ရေကြီး

By admin

Leave a Reply

Your email address will not be published. Required fields are marked *