မြန်မာစစ်အစိုးရကို လက်နက်ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီတွေအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့အတွက် ကုလသမဂ္ဂကျွမ်းကျင်သူက မေတ္တာရပ်ခံ

ဇူလိုင်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာစစ်တပ်ကို လက်နက်၊ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ တခြားပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာဟာ မြန်မာစစ်အစိုးရနဲ့ အာဏာတည်မြဲရေးအတွက်အမေရိကန် မူဝါဒရဲ့ တုန်လှုပ်ချောက်ချားစရာ အလှည့်အပြောင်းတစ်ခုလို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတဦးက ပြောတယ်လို့ Scoop World သတင်းကဇူလိုင် ၃၀ရက်မှာဖော်ပြပါတယ်။ “ဒါဟာ လူသတ်စစ်အစိုးရရဲ့ လက်နက်ရယူခွင့်ကို ကန့်သတ်ခြင်းအားဖြင့် အသက်တွေကို ကယ်တင်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေအတွက် ကြီးမားတဲ့ နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းတစ်ခုပါပဲ” လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ပြောကြားပါတယ်။ “မြန်မာ့လက်နက် ရောင်းဝယ်သူတွေနဲ့စစ်အစိုးရရဲ့ ခရိုနီတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေပြန်လည်ရုပ်သိမ်းခြင်းဖြင့် အဆိုပါ ကြိုးပမ်းအားထုတ်မှုတွေကို လစ်လျူရှုလို့မရပါဘူး”လို့သူကဆက်ပြောပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းကနေဖယ်ရှားလိုက်တဲ့ ကုမ္ပဏီတွေဟာ မြန်မာစစ်အစိုးရရဲ့လက်နက်နဲ့ကုန်ကြမ်းတွေ ရယူခြင်းအပါအဝင် ပြည်တွင်းမှာ လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့စက်ပစ္စည်းကိရိယာတွေထုတ်လုပ်ဖို့ လိုအပ်တဲ့ ထောက်ပံ့မှုတွေအပါအဝင် လက်နက်ရောင်းဝယ်ရေးမှာပါဝင်ပတ်သက်နေတယ်လို့ Andrews က မှတ်ချက်ပြုခဲ့ပါတယ်။


အဆိုပါကုမ္ပဏီတွေနဲ့ ၎င်းတို့ရဲ့ပိုင်ရှင်တွေဟာ မြန်မာ့စစ်တပ်ကိုလေယာဉ်တွေ၊ ထောက်လှမ်းရေးစနစ်တွေ၊ ရေတပ်သေသုံးအမြောက်တွေနဲ့နည်းပညာတွေကို မြန်မာစစ်တပ်ကိုပံ့ပိုးပေးနေပြီးသံချပ်ကာတင်သင်္ဘောတွေနဲ့တင့်ကားတွေရောင်းချရာမှာ လွယ်ကူချောမွေ့စေတယ်လို့ သိရပါတယ်။ ပြည်ပကရရှိတဲ့ လက်နက်တွေနဲ့ပစ္စည်းတွေဟာအရပ်သားများအပေါ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အခြားတိုက်ခိုက်မှုမတွေပါ၀င်တဲ့ စစ်အစိုးရရဲ့ အကြမ်းဖက်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဘယ်လို ပံ့ပိုးပေးခဲ့တယ်ဆိုတာကို အထူးကိုယ်စားလှယ်က အစီရင်ခံတင်ပြထားပါတယ်။ဒီတိုက်ခိုက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့စစ်ရာဇ၀တ်မှုများတွေနဲ့ဖွဲ့စည်းထားဖွယ်ရှိပါတယ်။ “အရပ်သားတွေကို တိုက်ခိုက်ဖို့ စစ်လက်နက်တွေသုံးပြီး စစ်အာဏာရှင်တွေက ဖျက်စီးပစ်တာဖြစ်ပြီး ဒါဟာ ဒီတိုက်ခိုက်မှုတွေနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်အာဏာရှင်တွေကို ဆော်သြပြီး Trump အစိုးရက အသိအမှတ်ပြုထားတဲ့ အချက်ပါပဲ” လို့ Andrews က ပြောကြားခဲ့ပါတယ်။ “ဒီလုပ်ရပ်က ပိုလို့တောင် ကြောက်စရာကောင်းတာက စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုတွေက ထိရောက်မှု ရှိတယ်ဆိုတာ သက်သေပြနေပါတယ်။ စစ်အစိုးရက တင်သွင်းနိုင်တဲ့ စစ်လက်နက်ပစ္စည်း ပမာဏဟာ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်”လို့သူကဆက်ပြောပါတယ်။

အမေရိကန်သမ္မတ Trumpက မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပံ့ပိုးပေးတဲ့အမှုဆောင်အမိန့်ကို ဖေဖော်ဝါရီ ၄ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး “မြန်မာနိုင်ငံနဲ့အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့နိုင်ငံခြားရေးမူဝါဒကို ထူးထူးခြားခြား ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်လက်ရှိနေတယ်” လို့ ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ် ဇွန်လ ၁၀ရက်နေ့ကကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ကုလသမဂ္ဂ စီးပွားရေးနဲ့လူမှုရေးကောင်စီရဲ့ ယာယီအမေရိကန် ကိုယ်စားလှယ် Jonathan Shrier က မြန်မာစစ်တပ်ဟာ အရပ်သားတွေ၊စာသင်ကျောင်းတွေနဲ့ ဝတ်ပြုရာနေရာတွေကို ဗုံးကြဲပြီး ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတွေကိုသူတို့ကိုယ်စား တိုက်ခိုက်ဖို့ အတင်းအကြပ် စစ်မှုထမ်းစေခဲ့တယ်လို့လည်းဆိုပါတယ်။ “ဒါက အန္တရာယ်ရှိပြီး စိတ်အနှောက်အယှက်ဖြစ်စေတဲ့ လမ်းကြောင်းတစ်ခုပါ။ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားမယ့်အစား အမေရိကန်က စစ်လက်နက်ပစ္စည်းတွေကို ပေးဆောင်ဖို့ အဓိကမှီခိုနေတဲ့ မြန်မာစီးပွားရေးဘဏ်ကို တိုးချဲ့ပိတ်ဆို့သင့်ပါတယ်” လို့ Andrew က ပြောကြားခဲ့ပါတယ်။ “မြန်မာပြည်သားတွေနဲ့အတူ ရပ်တည်ပြီး စစ်အာဏာရှင်တွေကို ဆန်းပြားတဲ့ စစ်လက်နက်တွေနဲ့ တိုက်ခိုက်ရတာ လွယ်ကူအောင်မလုပ်နိုင်ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ Trump အစိုးရကို တိုက်တွန်းချင်ပါတယ်။ ဒါဟာ အသက်နဲ့ သေစေတဲ့ ကိစ္စပဲ”လို့သူကဆက်ပြောပါတယ်။ မစ္စတာ Tom Andrew(အမေရိကန် ပြည်ထောင်စု) ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *