သတ္တုတူးဖော်‌‌ရေးနဲ့ လျှပ်စစ်ပစ္စည်းစက်ရုံဆောက်ရေး ဘေကျင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် စည်းရုံးနေ

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာက သတ္တုထူးဖော်ရေး လုပ်ငန်းတွေမှာ ကုန်ချောတွေ ထုတ်နိုင်တဲ့အထိ ပူးပေါင်းဖို့နဲ့ လျှပ်စစ်စက်ရုံလာဆောက်ကြဖို့ ဘေကျင်းအခြေစိုက် TBEA လျှပ်စစ်ကုမ္ပဏီနဲ့ ဆွေးနွေးခဲ့တယ်လို့ BBC သတင်းကစက်တင်ဘာ ၄ရက်နေ့မှာဖော်ပြပါတယ်။ မင်းအောင်လှိုင်က သူ့ရဲ့ တရုတ်ခရီးစဉ်အတွင်း ဒီအကြောင်း ဆွေးနွေးခဲ့တာလို့ ဆိုပေမဲ့ ဘယ်လို သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဖို့ဆိုတာတော့ စစ်ကော်မရှင် သတင်းမှာ တိတိကျကျ မပြောထားပါဘူး။ အာဏာလုစစ်ခေါင်းဆောင်ဟာ ဘေကျင်းမှာ စက်တင်ဘာလ ၃ ရက်တုန်းက ပြုလုပ်တဲ့ စစ်ရေးပြပွဲကို တက်ရောက်အပြီးမှာ အခုလိုဆွေးနွေးခဲ့တာပါ။ သတ္တုအပြင် လျှပ်စစ်ပစ္စည်းထုတ်တဲ့ စက်ရုံတွေတည်ဆောက်ဖို့ကိုလည်း စစ်ခေါင်းဆောင်က ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။


ပြည်ပနိုင်ငံကို လျှပ်စစ်ပစ္စည်းတွေ တင်ပို့ဖို့အပြင် ပြည်တွင်းဈေးကွက်အတွက် လျှပ်စစ်ပစ္စည်းစက်ရုံတွေ ဆောက်မယ်ဆိုရင်အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီကလည်း အာဏာလုစစ်ခေါင်းဆောင်နဲ့ တရုတ်မှာ သီးသန့်တွေ့ဆုံချိန် မြေရှားသတ္တုတူးဖော်ရေးနယ်ပယ်မှာ ပူးပေါင်းမှုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဩဂုတ်လကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့တယ်လို့ BBC ကဆက်လက်ဖော်ပြပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *