မင်းအောင်လှိုင်က သူ့အဖွဲ့နစကကို ဖျက်သိမ်းပြီး သူ့ကိုယ်သူ သမ္မတကြေငြာကာ နောက်အဖွဲ့အသစ်ထပ်ဖွဲ့ပြန်ပြီ

ဇူလိုင်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အာဏာလုအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူခေါင်းဆောင်ဖွဲ့စည်းထားတဲ့ အကြမ်းဖက် နစကကို ဖျက်သိမ်းပြီး သူကသမ္မတရာထူးယူကာ နောက်တဖွဲ့ကို ထပ်ဖွဲ့ပြန်ပြီလို့ ထုတ်ပြန်ချက်အရသိရပါတယ်။


ဒီနေ့မနက်ပိုင်းမှာ မင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူကာ သူ့အာဏာကို ပြန်အပ်တယ်ဆိုပြီး သူဘာသာ အာဏာထပ်မံပြန်ယူကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ထပ်ဖွဲ့လိုက်တာလို့သိရပါတယ်။

ဒီလိုလုပ်တာကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရပြုလုပ်တာဆိုပြီး သူ့ လူယုံတပည့်စစ်ဗိုလ်ချုပ်တွေနဲ့ သူကိုယ်တိုင်သမ္မတဆိုပြီး ကြေငြာခဲ့တာပါ။နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်မှာ သူကသမ္မတ၊ ညိုစောက ဝန်ကြီးချုပ်နဲ့ စစ်ဗိုလ်ချုပ် ၁၀ဦးနဲ့ဖွဲ့စည်းခဲ့တာလို့သိရပါတယ်။

#သောင်ရင်းသတင်းလွှာ #မင်းအောင်လှိုင် #စကစ #တရားမဝင်သမ္မတ

By admin

Leave a Reply

Your email address will not be published. Required fields are marked *