ဇူလိုင်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဒီနေ့ပြုလုပ်တဲ့ ကာလုံဆွေးနွေးပွဲအပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်း ကြောင်း ကြေညာလာပြီး ဥက္ကဋ္ဌ အဖြစ် အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တာဝန်ယူမယ်လို့ BBC သတင်းက ဇူလိုင် ၃၁ရက်နေ့မှာဖော်ပြပါတယ်။ စစ်ကောင်စီကိုဖျက်သိမ်းလိုက်ကာ ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တာဖြစ်ပြီး မင်းအောင်လှိုင် ယာယီသမ္မတတာဝန်နဲ့ ကော်မရှင်ဥက္ကဋ္ဌရာထူးကို ပူးတွဲတာဝန်ယူမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်အသစ်အဖြစ် ဦးညိုစောက ရာထူးရယူခဲ့ပြီး ဗိုလ်ချုပ်ကြီးအဖြစ်ကနေ အငြိမ်းစားပေးခံလိုက်ရ ပါတယ်။
ကော်မရှင်အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတာဝန်ယူမှာဖြစ်ပါတယ်။ ဒီကော်မရှင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဥက္ကဋ္ဌအဖြစ် ဆက်လက်ပါဝင်လာပါတယ်။ဒါ့အပြင် စစ်ကောင်စီဝင်တချို့နဲ့ ဝန်ကြီးတချို့လည်း ဒီကော်မရှင်မှာ ဆက်လက်ပါဝင်လာတာပါ။ ဒီကော်မရှင်ဟာ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အေးချမ်းသာယာရေး၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် ရည်ရွယ်ဖွဲ့စည်းလိုက်တာလို့ ထုတ်ပြန်ပါတယ်။