စင်ကာပူမှာစုစုပေါင်း ဒေါ်လာ သန်း ၆၈၀ ကျော်ရရှိခဲ့တဲ့ ဘဏ်အကောင့် ၃ ခုနဲ့ ဆက်စပ်နေတဲ့ မြန်မာအမျိုးသားကို ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်

ဇူလိုင်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃၁ သန်း (စင်ကာပူဒေါ်လာ ၆၈၀ သန်းကျော်) ရရှိခဲ့တဲ့ဘဏ်အကောင့် ၃ ခုနှင့် ပတ်သက်တဲ့ အမှုမှာ မြန်မာအမျိုးသားတစ်ဦးကို ဇူလိုင် ၃၀ ရက်က ထောင်ဒဏ် နှစ်နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၁၀၉၀၀၀ ချမှတ်ခဲ့တယ်လို့ The Straits Times သတင်းကဖော်ပြပါတယ်။ လိုင်စင်မရှိဘဲ စင်ကာပူမှာ ငွေပေးချေမှု ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းအတွက် စွဲချက်နှစ်ရပ်နဲ့အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့ အသက် ၆၁ နှစ်ရှိ မြန်မာနိုင်ငံသား ဦးဉာဏ်ဝင်းဟာ ဒဏ်ကြေးမပေးဆောင်ရင် နောက်ထပ် ခြောက်လကြာ ထောင်ကျမှာဖြစ်ပါတယ်။ ၎င်းရဲ့ကြံရာပါ စင်ကာပူနိုင်ငံသား ဒေါ်ဇင်နွယ်ညွန့် (၅၈) နှစ်ကို ဇူလိုင် ၁၄ ရက်က ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ချမှတ်ခဲ့ပါတယ်။ တရားရုံးကစာရွက်စာတမ်းတွေမှာစင်ကာပူမှာအမြဲတမ်းနေထိုင်သူ ဦးဥာဏ်ဝင်းနဲ့မဇင်နွယ်ညွန့်ရဲ့ခင်ပွန်းတို့ဟာ ငယ်သူငယ်ချင်းများဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ပြစ်မှုကျူးလွန်ချိန်မှာ ဦးဉာဏ်ဝင်းဟာမော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ ပီယာအင်တာနေရှင်နယ် ကုမ္ပဏီမှာ ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်နေတဲ့ကိုဖီးလစ်လို့လူသိများတဲ့မြန်မာနိုင်ငံသား တစ်ဦးဟာသူ့ရဲ့လုပ်ငန်းလည်ပတ်ရာမှာ ကူညီဆောင်ရွက်ပေးဖို့စင်ကာပူမှာကုမ္ပဏီတစ်ခု ပေါင်းစည်းဖို့တစ်စုံတစ်ဦးကို ရှာဖွေနေတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ အဲဒိနောက် ကိုဖိလစ်ရဲ့ ညွှန်ကြားချက်အရ ရန်ပုံငွေတွေလက်ခံခြင်းနဲ့လွှဲပြောင်းရန်အတွက် အသုံးပြုမယ့် ကော်ပိုရိတ်ဘဏ်အကောင့်တွေကို ဒီကုမ္ပဏီက ဖွင့်မှာဖြစ်ပါတယ်။


ဒီအစီအစဉ်အရအမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို၀.၅ ကျပ် (စင်ကာပူဒေါ်လာ၀.၀၀၀၃) ကို ဦးဉာဏ်ဝင်းက ကော်မရှင်ခအဖြစ်လက်ခံရရှိဖို့ကမ်းလှမ်းခဲ့ကိုဖိလစ်ကကမ်းလှမ်းခဲ့ပါတယ်။ ဒီအခွင့်အရေးကို စိတ်ဝင်စားသူ ဦးဉာဏ်ဝင်းက Piyar International ကတစ်ဆင့် ကော်ပိုရိတ်ဘဏ်အကောင့်တစ်ခု ထူထောင်နိုင်မလား မသေချာခဲ့ပါ။ အသေးစိတ်ကို ထုတ်ဖော်ပြောကြားတာမရှိဘဲ၊ ဒုတိယအစိုးရရှေ့နေ Ryan Lim က ဘဏ်တွေက ကုမ္ပဏီရဲ့ ကော်ပိုရိတ်ဘဏ်စာရင်းတွေကို ယခင်က ပိတ်ထားတာကြောင့်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ဦးဉာဏ်ဝင်းဟာမဇင်နွယ်ညွန့်ရဲ့ခင်ပွန်းထံ ချဉ်းကပ်ပြီး ကိုဖီးလစ်နဲ အလားအလာရှိသော စီးပွားရေးအခွင့်အလမ်းအကြောင်း ပြောပြခဲ့ပါတယ်။ ခင်ပွန်းသည်ကအချိန်ပြည့်အလုပ်တစ်ခုကို လုပ်ကိုင်နေတာကြောင့် တရားရုံးစာရွက်စာတမ်းတွေမှာဖော်ပြထားခြင်းမရှိတဲ့အသေးစိတ်အချက်အလက်တွေကို ၎င်းရဲ့ဇနီးသည် ကုမ္ပဏီရဲ့ပူးပေါင်းဆောင်ရွက်မှုမှာ ကူညီပေးနိုင်တယ်လို့အကြံပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ မဇင်နွယ်ညွန့်နဲ့ ဦးဉာဏ်ဝင်းတို့အကြား ကော်ပိုရိတ်ဘဏ်စာရင်းတွေကို ဦးဥာဏ်ဝင်းက ထိန်းချုပ်ထားဖို့ သဘောတူခဲ့ပါတယ်။ အဲဒီ့နောက် ကော်မရှင်ခတွေကို အညီအမျှခွဲယူကြမယ်လို့စီစဥ်ခဲ့ပါတယ်။ မဇင်နွယ်ညွန့်ဟာလက်ကားရောင်းဝယ်ရေးကုမ္ပဏီ Unione ကို ပေါင်းစည်းပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လကနေ ၂၀၂၁ ခုနှစ် မေလအထိ ကုမ္ပဏီကတစ်ဆင့် မတူညီတဲ့ဘဏ်သုံးခုနဲ့အကောင့်ဖွင့်ခဲ့ပါတယ်။

အဲဒိနောက် ဘဏ်လုပ်ငန်းအသေးစိတ်အချက်အလက်တွေကို ဦးဉာဏ်ဝင်းဆီလွှဲပြောင်းပေးခဲ့တယ်လို့ တရားရုံးက ကြားနာပါတယ်။ Lim က “၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ Unione ရဲ့ ကော်ပိုရိတ်ဘဏ်စာရင်းတွေထဲကို ငွေလက်ခံရရှိဖို့ စီစဉ်မှုတွေလုပ်ဖို့ ကိုဖိနဲ့ ဦးဉာဏ်ဝင်းက ချိတ်ဆက်ဆောင်ရွက်သွားမှာပါ”လို့ဆက်ပြောပါတယ်။ “ဘဏ်စာရင်းထဲကို ငွေလွှဲပြီးတာနဲ့ ဘယ်ကိုလွှဲရမလဲဆိုတာကို ကိုဖီးလစ်ဆီက ညွှန်ကြားချက်ကို ဦးဉာဏ်ဝင်းက လက်ခံပါတယ်။ ဦးဥာဏ်ဝင်းက ကော်မရှင်ရဲ့ ပမာဏကို တွက်ချက်ဖို့အတွက် မဇင်နွယ်ညွန့်က ဝင်လာတဲ့ ငွေလွှဲခနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပေးမှာ ဖြစ်ပါတယ်”လို့ Lim ကဆက်ပြောပါတယ်။၂၀၂၀ခုနှစ် ဇန်နဝါရီလက ဇူလိုင်လအတွင်းမှာဦးဥာဏ်ဝင်းကငွေမလွှဲမီ အမေရိကန်ဒေါ်လာ ၁၅၀ကျော်ရရှိဖို့ Unione ရဲ့ဘဏ်အကောင့်တစ်ခုကိုအသုံးပြုခဲ့ပါတယ်။
တရားရုံးစာရွက်စာတမ်းတွေမှာ ငွေကြေးအရင်းအမြစ်ကို ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ အဆိုပါ လွှဲပြောင်းမှုတွေအပြီးမှာ မဇင်နွယ်ညွန့်က ကော်မရှင်ခဒေါ်လာ ၅၆,၀၀၀ ကျော် ရရှိခဲ့ပြီး ဦးဉာဏ်ဝင်းက ဒေါ်လာ ၃၄,၀၀၀ ကျော် ရရှိခဲ့ပါနယ်။ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာ ဘဏ်က သံသယဖြစ်ဖွယ် အလွှဲအပြောင်းတွေ များပြားတာကြောင့် အကောင့်ပိတ်ခဲ့ပါတယ်။ Lim က “ဇင်၊ ဉာဏ်ဝင်းနဲ့ ယူနီယံတို့ဟာ စင်္ကာပူငွေရေးကြေးရေးအာဏာပိုင်အဖွဲ့ရဲ့ တရားဝင်လိုင်စင်မရှိခဲ့သလို ကင်းလွတ်ခွင့်ငွေပေးချေမှုဝန်ဆောင်မှုပေးသူလည်း မဟုတ်ပါဘူး”လို့ပြောပါတယ်။ ၎င်းအကောင့်အပိတ်ခံရအပြီးမှာ မဇင်နွယ်ညွန့်ဟာဦးဉာဏ်ဝင်းဆီက ညွှန်ကြားချက်တွေကို ရယူပြီး အခြားဘဏ်တစ်ခုနဲ့ပေါင်းစည်းထားတဲ့အကောင့်တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၂၀ခုနှစ် ဇူလိုင်လနှောင်းပိုင်းကနေ၂၀၂၁ခုနှစ်ဧပြီလ အတွင်း ငွေမလွှဲမီ အမေရိကန်ဒေါ်လာ၂၅၀ ကျော်ရရှိဖို့ဒီအကောင့်ကို ဦးဥာဏ်ဝင်းက အသုံးပြုခဲ့ပါတယ်။ မဇင်နွယ်ညွန့်ဟာ ကော်မရှင်ခ ဒေါ်လာ ၇၆,၀၀၀ နီးပါး ရရှိပြီး ဦးဉာဏ်ဝင်းက ဒေါ်လာ ၅၀,၀၀၀ ကျော်ကိုရရှိခဲ့ကြပါတယ်။ DPP Lim က ၂၀၂၀ ခုနှစ် သြဂုတ်လကနေ ၂၀၂၁ခုနှစ် မတ်လအတွင်းအမေရိကန်ဒေါ်လာ ၁၂၇သန်းကျော်ရရှိဖို့ တတိယဘဏ်အကောင့်ကို အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။အဲဒိနောက် ဒေါ်လာ ၁၁၉ သန်းကျော် လွှဲပြောင်းပေးခဲ့ပါတယ်။ ၂၀၂၁ဩဂုတ်လမှာ သြစတြေးလျက လိမ်လည်ခံရသူတစ်ဦးဟာ စင်ကာပူရှိ ကုမ္ပဏီတွေရဲ့ထိန်းသိမ်းထားတဲ့ဘဏ်အကောင့်အများအပြားကိုအမေရိကန်ဒေါ်လာ ၁.၈ သန်း လွှဲပြောင်းပေးခဲ့တယ်လို့ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါကုမ္ပဏီသုံးခုက ဒေါ်လာ၄၈၀၀၀၀ ကျော်ကို တတိယဘဏ်အကောင့်ကို လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ အဲဒီနောက် စုံစမ်းစစ်ဆေးသူတွေကမဇင်နွယ်ညွန့်၊ Unione နဲ့ဦးဉာဏ်ဝင်းတို့ကြား ဆက်စပ်မှုကို ဖော်ထုတ်ခဲ့ပါတယ်။ သူတို့နှစ်ဦးကို ၂၀၂၃ ခုနှစ်မှာတရားရုံးမှာတရားစွဲဆိုခဲ့ပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့မှာ ဦးဉာဏ်ဝင်းရဲ့ အာမခံအတွက်ငွေကို အမေရိကန်ဒေါ်လာ ၂၀၀၀၀ ချမှတ်ခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့မှာပြစ်ဒဏ်ကျခံဖို့ ပြည်နယ်တရားရုံးမှာမိမိကိုယ်ကိုယ်တိုင်လာရောက်အပ်နှံဖို့အမိန့်ချခဲ့ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *