ဩဂုတ်လ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
.
ထိုင်းဘုရင့်တပ်မတော်ကတပ်မတော်ပြောရေးဆိုခွင့်ရှိသူနဲ့အတူ နိုင်ငံပေါင်း ၂၄ နိုင်ငံက စစ်သံမှူးအဖွဲ့တစ်ဖွဲ့ကို စီစကက်ပြည်နယ် နယ်စပ်ဒေသတွေကို စစ်ဆေးဖို့ ဦးဆောင်ခဲ့တယ်လို့ The Nation သတင်းက သြဂုတ်လ ၁ရက်နေ့မှာဖော်ပြပါတယ်။
.စီစကက် ပြည်နယ်ရှိ စစ်ဘေးဒဏ်သင့်ဒေသတွေကို ကြည့်ရှုဖို့ သြဂုတ်လ ၁ရက်နေ့ နံနက်ပိုင်းက ဘန်ကောက်မြို့ကနေ ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့တွေကတော့ ဆွီဒင်၊ တရုတ်၊ မလေးရှား၊ အမေရိကန်၊ ရုရှားနဲ့ ပြင်သစ်နိုင်ငံတို့က ဖြစ်ကြပါတယ်။ ကမ္ဘောဒီးယားရဲ့ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုတွေနဲ့ အရပ်သားအခြေခံအဆောက်အအုံတွေပျက်စီးဆုံးရှုံးမှုအသေးစိတ်တွေ အပါအဝင် အခြေအနေအကျဉ်းချုပ်ကို ၎င်းတို့ ရရှိခဲ့တယ်လို့သတင်းတွေအရ သိရပါတယ်။
.
အဆိုပါအဖွဲ့ဟာ ကမ္ဘောဒီးယား ဒုံးပျံနဲ့ တိုက်ခိုက်မှု ဖြစ်ပွားရာ ဒေသတွေဆီကိုသွားရောက် လည်ပတ်မှာဖြစ်ပြီး ကလေးတစ်ဦး အပါအဝင် ထိုင်းအရပ်သား ၈ ဦး သေဆုံးပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့တဲ့ ကန်သာလတ် ခရိုင်ရှိ ကုန်စုံဆိုင်နဲ့ ဓာတ်ဆီဆိုင် အပါအဝင် ကမ္ဘောဒီးယား ဒုံးကျည် တိုက်ခိုက်မှု ဖြစ်ပွားရာ ဒေသတွေဆီကိုယနေ့ သွားရောက်မှာဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ဟာ ထပ်မံပျက်စီးမှုတွေကိုကြည့်ရှုလေ့လာဖို့အတွက် ဖွမ်ချိုင်းကျောင်းနဲ့ Cham Meng ကျန်းမာရေးမြှင့်တင်ရေးဆေးရုံတို့ကို သွားရောက်ကြည့်ရှုခဲ့ပြီး နောက်ပိုင်းမှာ ကန်သာလတ်နည်းပညာကောလိပ်က ခိုလှုံနေထိုင်ရာနေရာကိုလည်းဆက်လက်သွားရောက်ခဲ့ကြပါတယ်။