ဩဂုတ်လ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ခေါင်းဆောင်တွေကို လွှတ်ပေးခြင်းမရှိဘဲ မြန်မာစစ်အစိုးရက စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ပိုမိုပြင်းထန်သေတဲ့တုံ့ပြန်မှုတွေကို နှိုးဆွနိုင်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းမှုကို ပိုမိုခက်ခဲစေနိုင်တယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Takeshi Iwaya က သြဂုတ် ၁ရက်နေ့က ပြောကြားခဲ့တယ်လို့ Reuters သတင်းကဖော်ပြပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျခံနေရသူတွေကိုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းအမြန်ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ပြန်လည်ထူထောင်ဖို့ မြန်မာစစ်တပ်ကို ဂျပန်နိုင်ငံက ထပ်မံတိုက်တွန်းထားကြောင်း Iwaya က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒီဇင်ဘာလမှာ စတင်မယ့်ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့အုပ်ချုပ်ရေးအဖွဲ့က တနိုင်ငံလုံး အရေးပေါ် အခြေအနေ ရုတ်သိမ်းပြီးနောက် တစ်ရက်အကြာမှာ Iwayaရဲ့မှတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။