အသက် (၂၆)နှစ်အရွယ် မောင်ရွှေကပ်( “ဝ” လူငယ်)ဟာကွမ်းယာထွက်ဝယ်ချိန် အမည်မသိ လူတစ်စုရဲ့ ကားနဲ့အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာခံရ

စက်တင်ဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ နတ်မောက် ဘုန်းတော်ကြီးသင်း ပညာရေးကျောင်းမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် မောင်ရွှေကပ် (“ဝ” လူငယ်) ဆိုသူဟာ ကွမ်းယာထွက်ဝယ်ချိန်အတွင်း အမည်မသိ လူတစ်စုရဲ့ အတင်းအဓမ္မ ကားနဲ့ဖမ်းဆီးခေါ်ဆောင်တာ ခံခဲ့ရတယ်လို့ နီးစပ်သူတွေကပြောတယ်လို့ Wa News Lsnd သတင်းကစက်တင်ဘာ ၉ ရက်မှာဖော်ပြပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်၊ တနဂ်နွေနေ့ ညဘက် ၉ : ၂၇ မိနစ်အချိန်မှာ ကွမ်းယာဝယ်ဖို့ထွက်သွားခဲ့ကာ သုခ ( 5star ကားမှတ်တိုင်အနီး)မှာ ကားအမဲရောင်နဲ့အမည်မသိလူ (၅) ယောက်က အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း သိရှိရပါတယ်။

မိဘဆွေမျိုးများနဲ့ နီးစပ်သူတွေက စိုးရိမ်နေရပြီး တွေ့ရှိပါက (ဆက်သွယ်ရန် ဖုန်း – 09660059533၊ လိပ်စာ – သာကေတမြို့နယ် နတ်မောက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) သို့အကြောင်းကြား ဆက်သွယ်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

လက်ရှိရန်ကုန်မြို့မှာ စစ်ကောင်စီတပ်က လူငယ်တွေကို နေ့ခင်း၊ ညဘက်အချိန်မရွေး ပေါ်တာဆွဲ ခေါ်ယူနေတဲ့ဖြစ်စဥ်တွေ မကြာမခဏဆိုသလို ဖြစ်ပွားနေပြီး တစ်ချို့မှာ ငွေသိန်း၊ ဆယ်ချီပေးကာ ပြန်ရွေးယူရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *