စက်တင်ဘာ ၁၁၊ ၂၀၂၅ ။သောင်ရင်းသတင်းလွှာ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာလူမျိုး လင်မယား ၂ဦးဆီကနေ လက်နက်ခဲယမ်းအချို့ကို ဖမ်းမိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။ မနေ့ ညနေ၄နာရီခန့်က မြန်မာလူမျိုး လင်မယား၂ဦးရဲ့ နေအိမ်ထဲကို သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ ၆လုံးပြူးသေနတ်တလက်အပါဝင် လက်နက်ခဲယမ်းအချို့ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိ ဖမ်းမိခဲ့တာလို့သိရပါတယ်။
“သူတို့က မူးယစ်ဆေးဝါးတွေ သုံးစွဲရောင်းဝယ်နေတာမျိုးရှိတယ်။ ဒီလင်မယားက ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သတ်တာမျိုးမရှိဘူး။ သူတို့ဖာသာ သူတို့အဖွဲ့လိုက်လှုပ်ရှားနေတဲ့သဘောပါ။ ဘာတော်လှန်ရေးနဲ့မှ မပတ်သတ်ဘူး”လို့ထိုင်းထောက်လှမ်းရေးနဲ့ နီးစပ်သူတဦးကပြောပါတယ်။
မြန်မာလူမျိုး လင်မယားအိမ်ထဲကနေ လက်ပစ်ဗုံးတလုံး၊ ခြောက်လုံးပြူးသေနတ်တလက်၊ လုပ်သေနတ် အရှည်လေးလက်၊ ကျည်ဆန်များ၊ ဓားရှည်၊ ဓားမြှောင်တွေကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။
လက်ရှိမှာတော့ ဒီလင်မယားကို မဲဆောက်မြို့မရဲ စခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေတိုင်းအရေးယူသွားနိုင်ရန် ဆောင်ရွက်နေတယ်လို့သိရပါတယ်။
#သောင်ရင်းသတင်းလွှာ #မဲဆောက် #မြန်မာလူမျိုး #ထိုင်း #လက်နက်တွေဖမ်းမိ