Ooredoo Myanmar ကို U9 အဖြစ် နာမည်ပြောင်းမယ်

စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

Ooredoo Myanmar က စင်ကာပူအခြေစိုက် Nine Communications ကိုရောင်းချမယ့်သဘောတူညီချက်ကို ရရှိပြီးနောက် တစ်နှစ်ကျော်ကြာမှာကော်ပိုရိတ်အမည်အသစ်ကို ထုတ်ဖော်ပြသခဲ့တယ်လို့ Mobile World Life သတင်းကစက်တင်ဘာ ၁၁ ရက်မှာဖော်ပြပါတယ်။ ကြေငြာချက်မှာအော်ပရေတာက စက်တင်ဘာ ၂၀ ရက်မှာU9 အမှတ်တံဆိပ်ကို ကူးပြောင်းသွားမှာဖြစ်ပြီး လာမယ့်သီတင်းပတ်တွေအတွင်း ၎င်းရဲ့ လက်လီစတိုးဆိုင်တွေ၊ရုံးခန်းတွေနဲ့ ဒစ်ဂျစ်တယ်ပလပ်ဖောင်းတွေမှာ မိတ်ဆက်မယ့် အထောက်အထားအသစ်ကို မိတ်ဆက်သွားမယ်လို့သိရပါတယ်။


Ooredoo Myanmar ကဇွန်လကုန်အထိ သုံးစွဲသူစုစုပေါင်း ၈.၅သန်းရှိခဲ့ပြီး အစိုးရပိုင် MPT က သုံးစွဲသူ ၃၉.၄ သန်းရှိပါတယ်။အရင်ကတယ်လီနောကိုအမည်ပြောင်းလိုက်တဲ့ Atom က သုံးစွဲသူ ၁၅.၅ သန်းရှိတယ်လို့ GSMA ကစုံစမ်းထားတဲ့အချက်အလက်တွေအရသိရပါတယ်။ ၂၀၂၂ဘခုနှစ် စက်တင်ဘာလမှာ Ooredoo Group က အဆိုပါ ယူနစ်ကို Nine Communications ဆီကိုခန့်မှန်းခြေ ဒေါ်လာ ၅၇၆ သန်းနဲ့ရောင်းချမယ့်သဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ပါတယ်။ အဲဒီနှစ် မတ်လမ​ှာပြိုင်ဘက် တယ်လီနောအုပ်စုက ၎င်းရဲ့ပြည်တွင်း ယူနစ်ကို M1 Group ကိုဒေါ်လာ ၁၀၅သန်းနဲ့ ရောင်းချခဲ့ပြီး အစိုးရက အော်ပရေတာတွေကိုအာဏာသိမ်းမှုနဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေဖြစ်ပွားပြီးနောက် အင်တာနက်ဝန်ဆောင်မှုတွေသုံးစွဲခွင့်ကို ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *