စက်တင်ဘာ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲ မတိုင်မီ နယ်မြေပြန်လည် သိမ်းပိုက်ရေး လှုပ်ရှားမှုကို အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာ မစစ်ဘေးသင့်နေတဲ့မြန်မာနိုင်ငံရဲ့အာဏာရ စစ်အစိုးရက လွန်ခဲ့တဲ့ သီတင်းပတ်က စာသင်ကျောင်းတစ်ကျောင်းကို မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပြောပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ဘော်ဒါဆောင်မှာ ကလေးငယ်တွေသေဆုံးပြီး ဒဏ်ရာရရှိခဲ့နယ်လို့ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီ UNICEF ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ အဆိုပါ ဖြစ်စဉ်မှာသေဆုံးသူ ဘယ်လောက်ရှိတာကို ပြောကြားတာ မရှိပေမယ့်လည်း ရခိုင် ပြည်နယ်မှာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ပရက္ခိုင့်တပ်မတော် က အသက် ၁၅ နှစ်ကနေ ၂၁ နှစ်ကြား လူငယ်အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ မြန်မာစစ်အစိုးရက ဖြတ်တောက်ထားတာကြောင့် ကျောက်တော်မြို့ခံတွေဆီကိုရောက်ရှိဖို့ကြိုးပမ်းမှုတွေမအောင်မြင်တာနဲ့ ရခိုင်ပြည်နယ်ရှိ ဒေသအချို့မှာ အင်တာနက်နဲ့ မိုဘိုင်းလ်ဝန်ဆောင်မှုတွေကို Reuters က သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက တယ်လီဖုန်းခေါ်ဆိုမှုကို မဖြေကြားပါဘူး။ “ဒီတိုက်ခိုက်မှုဟာ ကလေးတွေနဲ့ မိသားစုတွေကို အဆုံးစွန်သော အဖိုးအခပေးဆောင်ခြင်းနဲ့ရခိုင်ပြည်နယ်မှာ ပိုမိုဆိုးရွားတဲ့ အကြမ်းဖက်မှုပုံစံကို တိုးလာစေပါတယ်” လို့ UNICEF က ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ရခိုင်ပြည်နယ်ဟာ ကမ်းရိုးတန်းဒေသအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိဖို့ ကြိုးစားနေတဲ့ ရက္ခိုင့်တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ဟာ လအတန်ကြာ တိုက်ပွဲတွေပြင်းထန်နေခဲ့ပါတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဆက်ဆက်က ဖိနှိပ်ညှဉ်းပန်း ခံနေရတဲ့ လူနည်းစု မူဆလင် ရိုဟင်ဂျာ အသိုင်းအဝိုင်းတွေအပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ငတ်မွတ်မှုနဲ့အာဟာရ ချို့တဲ့မှု မြင့်တက်လာတယ်လို့ သတိပေးခဲ့တဲ့မြန်မာနိုင်ငံရဲ့ အခက်ခဲဆုံး ပြည်နယ်တွေထဲမှာ ရခိုင်ပြည်နယ်ပါဝင်ပါတယ်။ ပြီးခဲ့တဲ့လအတွင်း တနိုင်ငံလုံးမှာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှု ၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ကလေး ၄၀ ကျော် သေဆုံးပြီးစာသင်ကျောင်း ၁၅ ကျောင်းကို ထိမှန်ခဲ့တယ်လို့ အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရရဲ့ ပြောကြားချက်အရ သိရပါတယ်။ စစ်တပ်က ဇန်နဝါရီ ကနေ မေလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁၃၄ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာလည်း အလားတူကိန်းဂဏန်း ၁၉၇ နဲ့ ၆၄၀ ထက် အဆပေါင်းများစွာ ပိုများလာတယ်လို့ လက်နက်ကိုင်ပဋိပက္ခတည်နေရာနဲ့ဖြစ်ရပ်ဒေတာပရောဂျက်က ပြောကြားခဲ့ပါတယ်။ အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ ကြုံတွေခဲ့ရပါတယ်။
တနိုင်ငံလုံးက စစ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ချေမှုန်းပြီးတဲ့နောက်မှာ အတိုက်အခံ လှုပ်ရှားမှုတွေဟာ တိုင်းရင်းသား တပ်တွေနဲ့ ပေါင်းစည်းပြီးစစ်တပ်ရင်ဆိုင်တဲ့ကို လက်နက်ကိုင် တော်လှန်ရေးအဖြစ် ကြီးထွားလာခဲ့ပါတယ်။ လေးနှစ်ကြာ အရေးပေါ် အုပ်ချုပ်မှု သက်တမ်း တိုးပြီးနောက် စစ်တပ်ဟာ ပြီးခဲ့တဲ့လမှာ ကြားဖြတ် အစိုးရကို အမည်ပြောင်းဖွဲ့စည်းခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်က စပြီး အဆင့်ပေါင်းစုံ ရွေးကောက်ပွဲ ကျင်းပဖ်ု့ကတိပြုခဲ့ပြီး စစ်အစိုးရ အကြီးအကဲ မင်းအောင်လှိုင်က ယာယီ သမ္မတ အဖြစ် ဆက်လက် တာဝန်ယူ ခဲ့ပါတယ်။ အတုအယောင်အဖြစ် အနောက်နိုင်ငံအစိုးရတွေနဲ့လူ့အခွင့်အရေးအဖွဲ့အချို့က ပယ်ချထားတဲ့ ရွေးကောက်ပွဲဟာ အတိုက်အခံအဖွဲ့တွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားလို့စစ်တပ်ရဲ့ကိုယ်စားလှယ်တွေက လွှမ်းမိုးထားမယ်လို့မျှော်လင့်ပါတယ်။ အခြေအနေတွေအဆင်မပြေတာကြောင့် အောက်လွှတ်တော် မဲဆန္ဒနယ် ၅၆ နဲ့အထက်လွှတ်တော်မဲဆန္ဒနယ် ၉ ခုမှာ ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့စစ်တပ်ကျောထောက်နောက်ခံပြု ရွေးကောက်ပွဲ ကော်မရှင်ကကပြောကြားခဲ့တယ်လို့နိုင်ငံပိုင်သတင်းစာ မြန်မာ့အလင်းသတင်းစာ က စက်တင်ဘာ ၁၅ ရက်မှာဖော်ပြပါတယ်။ ဖယ်ထုတ်ထားတဲ့မဲဆန္ဒနယ်တွေဟာကချင်ပြည်နယ်၊ ချင်း၊ ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြား အပါအဝင် နိုင်ငံရဲ့အစွန်အဖျားတစ်လျှောက်တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေမတွေဖြစ်ကြပါတယ်။