လူဝတ်ကြောင်နဲ့ ပလ္လင်ပေါ်တက် ယပ်တောင်ကိုင် တရားပြတဲ့အမျိုးသားတဦး အဖမ်းခံရပြန်ပြီ

စက်တင်ဘာ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ၊ဝဲကျွန်းထိန်လယ်ရပ်ကွက်မှာ လူဝတ်ကြောင်နဲ့ ပလ္လင်ပေါ်တက် ယပ်တောင်ကိုင် တရားပြတဲ့အမျိုးသားတဦးကို သာသနာရေးနဲ့ဆိုင်တဲ့ သူတွေနဲ့ ရဲတွေပူးပေါင်းပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။ မနေ့ ညနေပိုင်းမှာ ယထာဘူတပဋိပတ္တိသာသနာ့ရိပ်သာ ဆိုပြီးဖွင့်လှစ်ကာ လူဝတ်ကြောင်းနဲ့ ပလ္လင်ပေါ်တက် ယပ်တောင်ကိုင် တရားပြနေတဲ့ ဦးရည်ချင်းဆိုသူကို လာရောက်ဖမ်းဆီးသွားတာလို့သိရပါတယ်။

“သူကလဲ နာမည်ကြီးပဲ။ သူ့တပည့်တွေနဲ့ သူတရားပြတာတွေလုပ်တယ်။ လူလည်းစည်တယ်။ ကထိန်တွေဘာတွေခင်းသေးတာ။ အခုတော့ သာသနာရေးနဲ့ ရဲနဲ့ကလာဖမ်းသွားတယ်”လို့မြို့ခံတဦးကပြောပါတယ်။ လက်ရှိမှာ လူဝတ်ကြောင်နဲ့ ဘုန်းကြီးတွေအလုပ်ကို တုပလုပ်နေတဲ့ ဦးရည်ချင်းဆိုသူကို သာသနာရေးဘက်က ထားဝယ်ရဲစခန်းမှာ တရားစွဲဆိုဖို့ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ကမုဒုံမြို့နယ်၊ နှီးပဒေါရွာမှာ ထီးဖြူဆောင်းထားတဲ့ ပလ္လင်ပေါ်တက်ထိုင်ပြီး တရားဟောတဲ့ ပိဋကတ်သုံးပုံ မယ်တော်ကြီး ဆိုသူအမျိုးသမီးကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီး လက်ရှိမှာလည်း ဦးရည်ချင်းကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *