အောက်တိုဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဘင်္ဂလားပင်လယ်အော်အခြေအနေ
၁။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်မှု ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ပါတာ်။ အနောက်တောင်မုတ်သုံလေဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကနေ၆ ရက်နေ့အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွေကလည်းကောင်း၊ အောက်တိုဘာလ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဆီကနေလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါတာ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအနည်းငယ်ကနေအားအသင့်အတင့် ရှိနိုင်ပါတယ်။
မိုးအခြေအနေနဲ့ မိုးရွာရက်
၂။ မိုးရွာသွန်းမှုအခြေအနေဟာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ်ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
၃။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ ၈ ရက်ကနေ ၁၀ ရက်ခန့်နဲ့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ၅ ရက်ကနေ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မြစ်ရေအခြေအနေ
၄။ ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နဲ့ သပိတ်ကျင်းမြို့ တို့မှာ ၂ ပေကနေ ၅ ပေခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်ပြီး၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၂ ပေကနေ ၃ ပေခွဲခန့် လက်ရှိရေမှတ်တွေအောက် ကျဆင်းလာနိုင်ပါတယ်။
၅။ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၂ ပေ ကနေ ၄ ပေခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်ပါတယ်။
၆။ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၅ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၁ ပေကနေ ၂ ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ၂ ပေကနေ ၃ ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ၁ ပေခွဲခန့်၊ ငဝန်မြစ်ရေဟာပုသိမ်မြို့မှာ၁ ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၁ ပေခန့်နဲ့ ဘီးလင်းမြစ်ရေသည့် ဘီးလင်းမြို့မှာ ၁ ပေခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်ပြီး၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့မဒေါက်မြို့ တို့မှာ ၁ ပေခွဲခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ၂ ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ ၂ ပေခန့်နဲ့ သာပေါင်းမြို့မှာ ပေဝက်ခန့် လက်ရှိရေမှတ်တွေအောက် ကျဆင်းလာနိုင်ပါတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။