Justice for Myanmsr လူ့အခွင့်အရေးဆုကို ရရှိ

အောက်တိုဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ရာသီဥတု ဘေးအန္တရာယ်ကြောင့် နိုင်ငံတစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ပစိဖိတ်ကျွန်းစုတွေနဲ့မကြာခဏဆိုသလို ခြိမ်းခြောက်မှုတွေနဲ့ပစ်မှတ်ဖြစ်တဲ့ စစ်ရေးနဲ့နိုင်ငံရေး အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ဆူဒန်နဲ့ မြန်မာနိုင်ငံကတက်ကြွလှုပ်ရှားသူတွေကို Right Livelihood Award ကို အောက်တိုဘာ ၁ရက်နေ့က ချီးမြှင့်ခဲ့တယ်လို့ Daily Mail သတင်းကဖော်ပြပါတယ် ။ “အာဏာရှင်စနစ်နှင့် ကွဲပြားခြင်းတို့ဟာ တစ်ကမ္ဘာလုံးမှာမြင့်တက်လာတာနဲ့အမျှ၊ 2025 Right Livelihood Laureates တွေဟာ မတူညီတဲ့လမ်းစဉ်တစ်ခုကို ပုံဖော်နေကြပါတယ်။အားလုံးအတွက် စုပေါင်းလုပ်ဆောင်မှု၊ ကြံ့ကြံ့ခံနိုင်မှုနဲ့ဒီမိုကရေစီကို အမြစ်တွယ်စေမယ့်လမ်းကြောင်းတစ်ခုဖြစ်ပါတယ်” လို့ စတော့ဟုမ်းအခြေစိုက် ဖောင်ဒေးရှင်းကဆုရရှိသူတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါနယ်။


ဒီခုနှစ်မှာ နိုင်ငံပေါင်း ၆၇ နိုင်ငံကဆန်ခါတင် ၁၅၉ ဦးကို ထည့်သွင်းစဉ်းစားခဲ့တယ်လို့ဆိုပါတယ်။ “မြန်မာနိုင်ငံအတွက် တရားမျှတမှု” Justice For Myanmar ဟာ “၎င်းတို့ရဲ့ရဲစွမ်းသတ္တိနှင့် မြန်မာစစ်တပ်ရဲ့အကျင့်ပျက်ခြစားမှုတွေကိုဖော်ထုတ်နိုင်ခြင်းနဲ့ ၎င်းတို့ရဲ့ ရှေ့ဆောင် စုံစမ်းစစ်ဆေးရေးနည်းလမ်းတွေအတွက် ချီးမြှင့်ခြင်း” ဖြစ်တယ်လို့ဆိုပါတယ်။ လျှို့ဝှက်တက်ကြွလှုပ်ရှားသူအုပ်စုကစစ်အာဏာရှင်အစိုးရကို တည်တံ့ခိုင်မြဲစေတဲ့ဘဏ္ဍာရေးဗိသုကာပညာနဲ့ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်တွေကို ဖော်ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ Right Livelihood က ပြောကြားပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *