ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးတဲ့ ကာလမှာ ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်သေး၊ ဘေးအန္တရာယ်နဲ့ လုံခြုံရေးကိစ္စတွေနဲ့အရေးပေါ်အချက်အလက်ကလွဲပြီး Facebookပေါ်မှာ မတင်ဘူးလို့ ရန်ကနြ်ရှိအမေရိကန်သံရုံးကပြော

အောက်တိုဘာ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးတဲ့ ကြားကာလ(lapse in appropriations) မှာ ပုံမှန် လုပ်ငန်းဆောင်တာတွေအပြည့်အဝ မဆောင်ရွက်နိုင်သေးတဲ့အတွက်ကြောင့် ဘေးအန္တရာယ်နဲ့လုံခြုံရေးဆိုင်ရာ အရေးပေါ်သတင်းအချက်အလက်တွေမှအပ Facebook အကောင့်မှာအကြောင်းအရာအသစ်တွေထပ်မံတင်မှာမဟုတ်ဘူးလို့ ရန်ကုန်မြို့ရှိအမေရိကန်သံရုံးက Face Book စာမျက်နှာက အောက်တိုဘာ ၁ရက်မှာဖော်ပြပါတယ်။ ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးတဲ့ ကြားကာလ(lapse in appropriations) မှာပုံမှန် လုပ်ငန်းဆောင်တာတွေအပြည့်အဝ မဆောင်ရွက်နိုင်သေးတဲ့အတွက်ကြောင့် ဘေးအန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ အရေးပေါ်သတင်းအချက်အလက်တွေမှအပ ဒီFacebook အကောင့်မှာအကြောင်းအရာအသစ်တွေ ထပ်မံတင်မည် မဟုတ်ဘူးလို့ဆက်လက်ဖော်ပြပါတယ်။ အခုအချိန်မှာ ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးတဲ့ ကြားကာလအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ပြည်ပရှိ အမေရိကန်သံရုံးတေတွေ၊ ကောင်စစ်ဝန်ရုံးတွေမှာ ရက်ချိန်းယူထားတဲ့ နိုင်ငံကူးလက်မှတ် (passport) နဲ့ ဗီဇာ (visa) ဝန်ဆောင်မှုတွေကို အခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားပါမယ်လို့လည်းဆိုပါတယ်။ ပုံမှန်လုပ်ငန်းဆောင်တာတွေအပြည့်အဝ မဆောင်ရွက်နိုင်သေးတဲ့ ကာလအတွင်း ဘေးအန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ အရေးပေါ်သတင်းအချက်အလက်တွေမှအပ ဒီအကောင့်မှာအကြောင်းအရာအသစ်တွေကို မိမိတို့ ထပ်မံတင်မှာမဟုတ်ပါဘူး။

မိမိတို့ရဲ့ဝန်ဆောင်မှုတွေနဲ့လုပ်ငန်းဆောင်ရွက်မှု အခြေအနေဆိုင်ရာ အချက်အလက်တွေအတွက် travel.state.gov မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လည်းဆက်လက်ဖော်ပြထားပါတယ်။ ဘတ်ဂျက်အငြင်းပွားမှုကို ရီပတ်ဘလစ်ကန်နဲ့ဒီမိုကရက်တစ် နိုင်ငံရေးသမားတွေက ဖြေရှင်းဖို့ပျက်ကွက်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု အစိုးရက ပိတ်ပစ်ခဲ့တယ်လို့ BBC ကအောက်တိုဘာ ၃ရက်မှာဖော်ပြထားပါတယ် ။ ဆိုလိုတာကတော့အမေရိကန်အစိုးရရဲ့ ဝန်ဆောင်မှုအချို့ကို ယာယီရပ်ဆိုင်းထားပြီး ဖက်ဒရယ်လုပ်သားအင်အားရဲ့ ၄၀ % – လူ ၇၅၀,၀၀၀ခန့်ဟာ အခကြေးငွေမပေးဘဲ ခွင့်ရက်ရမယ်လို့ မျှော်လင့်ရတယ်လို့လည်းသတင်းကဆိုပါတယ်။ အမေရိကန် နိုင်ငံရေးမှာ ဘတ်ဂျက် ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ အဖြစ်များပေမယ့်လည်း၊ သမ္မတ Donald Trump သမ္မတတာဝန်ယူချိန်ကစပြီး နိုင်ငံတော်အစိုးရရဲ့ အရွယ်အစားကို သိသိသာသာ လျှော့ချခဲ့ပြီး လက်ရှိ သောင်မတင်ရေမကျမှုကို ဖြတ်တောက်ဖို့အကြံပြုထားတာကြောင့် ဒီအသုံးစရိတ်တိုက်ပွဲဟု အထူးသဖြင့် တင်းမာနေပါတယ်။ သမ္မတ Trump ပထမအကြိမ်ရွေးကောက်ခံခဲ့ရပြီးနောက် ၂၀၁၇ နှစ်ကုန်ပိုင်းတုန်းကလည်းအလားတူဖြစ်ရပ်ဖြစ်ပွားခဲ့လို့ အမေရိကန်ဖက်ဒရယ်အစိုးရဟာအသုံးစားရိတ်မရှိလို့ လုပ်ငန်းတွေတော်တော်များများရက်အတန်ကြာရပ်ဆိုင်းခဲ့ရဖူးပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *