ဇန်နဝါရီ ၃၀၊ ၂၀၂၅/သောင်ရင်းသတင်းလွှာ
မကွေးတိုင်း၊ စလင်းနယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒေသတော်လှန်ရေးတပ်တွေပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အထိနာသွားလို့ ရွာထဲဝင်မီးရှို့ကာ ပြည်သူပိုင်ပစ္စည်းတွေခိုးယူနေကြတယ်လို့ ဒေသခံတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။
ဒီနေ့မနက် ၁၀နာရီနဲ့ ၁၂နာရီဝန်းကျင်တွေမှာ စလင်းမြို့နယ်၊ အုန်းတောကျေးရွာနဲ့ကညှပ်ကျေးရွာတွေကိုဝင်ရောက်ပြီး မီးရှို့ပစ္စည်းခိုးနေတာလို့သိရပါတယ်။
“မီးရှို့တာက ၂၉ရက်နေ့ကတိုက်ပွဲဖြစ်တဲ့ ၂၅၄/၂၅၅တပ်က အင်အား၃၀၀ပါစစ်ကြောင်းကကောင်တွေပါ။ရွာ၂ရွာကိုမီးရှို့သွားတာ။ အိမ်ခြေအတိအကျတော့မသိရသေးဘူး။နောက်ရွာတွေလည်း မီးထပ်ရှို့မယ်လို့ကြားထားတယ်။ စလင်းဘက်ကို ဦးတည်နေတာ။အိမ်တွင်းပစ္စည်းတွေကို ရသလောက်ခိုးသွားတယ်”လို့ဒေသခံတဦးကပြောပါတယ်။
အခုလိုစစ်ကြောင်းထိုးမီးရှို့ပစ္စည်းခိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို အရေးပေါ်ထွက်ပြေးနေရတယ်လို့သိရပါတယ်။
#သောင်ရင်းသတင်းလွှာ #စလင်း #စကစ #ပစ္စည်းခိုး #မီးရှို့နေ