ဇန်နဝါရီ ၃၀၊ ၂၀၂၅/ သောင်ရင်းသတင်းလွှာ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကထွက်လာတဲ့ စစ်အုပ်စုလက်အောက်ခံ ရဲနဲ့ပျူစောထီးတွေကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုတွေရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ်၃၀ ADRPAအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ရက်နေ့မနက် ၈နာရီခွဲခန့်က ရဲနဲ့ပျူစောထီးအင်အား ၂၀ခန့်ကို ကြိုတင်သတင်းရတဲ့အတွက် ရဲစခန်းအနီး လမ်းခုလတ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၄ဦးဒဏ်ရာရ ၂ဦးအသက်အန္တရာယ်စိုးရိမ်ရတယ်လို့သိရပါတယ်။
“သာစည် ရခနဲ့ပခတွေမိုင်းဆွဲခံရတာဟုတ်တယ်။ ၄ကောင်ထိတဲ့အထဲမှာ ၂ကောင်အခြေအနေမကောင်းဘူးတဲ့။ ဒီကောင်တွေစားစရာပြတ်လပ်နေတော့ အကုန်ရတာခိုးနေတဲ့ကောင်တွေပါ”လို့ဒေသခံတဦးကပြောပါတယ်။
သာစည်ရဲစခန်းမှာတပ်စွဲထားတဲ့ ရဲနဲ့ပျူတွေဟာ စစ်မှုထမ်းဥပဒေအကြောင်းပြကာ ပေါ်တာဆွဲ၊ ပြည်သူပိုင်ပစ္စည်းတွေခိုးယူနေတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။
ဒီစစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်းအမှတ်၃၀ ADRPA တပ်ခွဲ၂ကကြိုတင်သတင်းရတဲ့အတွက် ဆွဲမိုင်းတွေနဲ့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
#သောင်ရင်းသတင်းလွှာ #မုံရွာ #သာစည်ရဲစခန်း #ရဲနဲ့ပျူစောထီး #ADRPA #မိုင်းနဲ့တိုက်ခိုက်