ဖေဖော်ဝါရီ ၁၄၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ
ပဲခူးတိုင်း၊ သဲကုန်းမြို့၊ ရပ်ကွက် ၂၊ စူဠာမုနိလမ်းမှာနေထိုင်တဲ့ ပျူစောထီး မောင်ပြုံး(ခ)ဓားငပြုံး သေနတ်နဲ့ပစ်ခတ်ရှင်းလင်းလိုက်လို့ သေဆုံးသွားပြီလို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFဘက်က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ရက်နေ့ ညနေ၆နာရီခွဲအချိန်မှာ သဲကုန်းကနေ ဓါးသွေးကျောက်ရွာက သူ့ယောက္ခမအိမ်လာစဉ် ပိတ်ဆို့ဖမ်းဆီးရာ ဆိုင်ကယ်နဲ့ထွက်ပြေးလို့ သေနတ်နဲ့ ၄ချက်ပစ်ခတ်ရှင်းလင်းလိုက်တာလို့ သိရပါတယ်။
“အရှင်ဖမ်းတာမှာ ဆိုင်ကယ်နဲ့ထွက်ပြေးတော့အပစ်ခံရတာပေါ့။ ဓားငပြုံး သေနတ်နဲ့ပစ်တော့ သေတာပဲ။ ဒီကောင်ကပျူစောထီးလူမိုက်ရယ်။ စကစနဲ့ပေါင်းပြီး ဒေသတွင်းဖင်ကျယ်နေတာ။ ဓားငပြုံး အခုတော့မပြုံးနိုင်တော့ဘူး”လို့ဒေသခံတဦးကပြောပါတယ်။
ပျူစောထီးဓားငပြုံးဟာ ပျူသင်တန်းအပတ်စဉ်၁ကို အင်မ ခမရ ၅မှာ သင်တန်းတက်ခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့သတင်းကိုလိုက်လံစုံစမ်းကာ အင်းမ ခမရ ၅စစ်တပ်ထံသတင်းပို့ပေးနေတာကြောင့်အခုလိုရှင်းလင်းလိုက်ရာ ဓားငပြုံးဆီကနေ ပျူစောထီယူနီဖောင်းတစုံ၊ ဦးထုပ်တလုံးနဲ့ ကျည်ဆံခွံတွေသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။
#သောင်ရင်းသတင်းလွှာ #သဲကုန်း #ဓါးသွေးကျောက်ရွာ #ဓားငပြုံး #ပျူစောထီး #အရှင်းခံရ