ဖေဖော်ဝါရီ ၁၇၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ရိုဟင်ဂျာများ မြန်မာနိုင်ငံရှိ ၎င်းတို့၏နေရပ်ပြန်ပို့ရေးကိစ္စအတွက်အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( OIC )၏ ဆယ်နှစ်တာစီမံချက် (၂၀၂၆-၂၀၃၅) တွင် ပါဝင်ရန် ဘင်္ဂလားဒေ့ချ်နိုင်ငံမှ တောင်းဆိုခဲ့သည်ဟု BSS News ကဖေဖော်ဝါရီ ၁၆ ရက်ကဖော်ပြသည်။ OIC အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး Ibrahim Khairat က ဘင်္ဂလားဒေ့ချ်နိုင်ငံခြားရေး ၀န်ကြီးဌာနအတွင်းဝန် Md. Jashim Uddin အား ဖေဖော်ဝါရီ ၁၅ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဂါရဝပြု နှုတ်ဆက်စဉ် အတွင်းဝန်ကထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုများဆိုင်ရာ အဆင့်မြင့် ညီလာခံကို ကျင်းပရန် OIC မှ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် လက်တွဲဆောင်ရွက်လိုကြောင်း တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ချ် နိုင်ငံသို့ လာရောက်လည်ပတ်သော အထူးကိုယ်စားလှယ်နှင့်ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းရန် အရေးကြီးကြောင်း အသိအမှတ်ပြုဆွေးနွေးခဲ့ရသည့်လအတွက် နိုင်ငံခြားရေးအတွင်းဝန် က သူ့၏ စိတ်ရင်းအတိုင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်ဟုဆိုသည်။
နိုင်ငံတကာ တရားရုံး (ICJ) တွင် ဖြစ်ပွားနေသော “ဂမ်ဘီယာနှင့် မြန်မာအမှုတို့” အတွက် OIC ၏ ပံ့ပိုးကူညီမှုကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း။ ရိုဟင်ဂျာများအတွက် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ပေးရန် OIC နှင့်အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် အထူးသံတမန်က ရိုဟင်ဂျာများအတွက် လိုအပ်သော ကူညီပံ့ပိုးမှုပေးရန် အတွက်အဖွဲ့ဝင်နိုင်ငံများနှင့် လုပ်ဆောင်ရန် OIC ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်ဟုသတင်းကဆက်လက်ဖော်ပြသည်။