ဖေဖော်ဝါရီ ၁၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနှင့် အင်တာနက်ကို ဆက်လက်ဖြတ်တောက်ရန် တရုတ်နိုင်ငံက တောင်းဆိုထားသော်လည်း မြန်မာနိုင်ငံတွင် ဆေးရုံများအပေါ်ထိခိုက်မှုများကြောင့် အဆုံးသတ်ရန် ကြိုးပမ်းနေသည်။ ထိုင်းလက်ထောက်ဝန်ကြီးချုပ် Phumtham Wechayachai က မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့် လောင်စာဆီများ ဆက်လက်ဖြတ်တောက်ရန် တရုတ်နိုင်ငံက အဆိုပြုပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ၏ လက်ထောက် ပြည်သူ့လုံခြုံရေးဝန်ကြီး Liu Zhongyi နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံဘက်က ဆေးရုံတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများအပေါ်သက်ရောက်မှုများကို ကိုးကားပြီး ဤအစီအမံများကို ရုတ်သိမ်းပေးရန်တောင်းဆိုထားသည်ဟု The Nation သတင်းကဖေဖော်ဝါရီ ၁၈ ရက်ကဖော်ပြသည်။
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် လအတော်ကြာ ညှိနှိုင်းဆောင်ရွက်နေပြီး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း Phumtham က ပြောကြားခဲ့သည်။ Liu Zhongyi ၏ အဆိုပြုချက်သည် အတိုက်အခံဘက်မှ အကြံပြုထားသည့်အတိုင်း တရုတ်နိုင်ငံထံမှ ညွှန်ကြားချက်မ ဟုတ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန်နှင့် နယ်စပ်ကို တည်ငြိမ်အောင်လုပ်ဆောင်ရာတွင် အဖွဲ့အစည်းပေါင်းစုံ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ထိုင်း၊ တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား လွန်ခဲ့သည့် ၂ နှစ်ခန့်က ပူးပေါင်းကြိုးပမ်းမှုများ စတင်ခဲ့သော်လည်း အသေးစိတ် သဘောတူညီချက်များ မရရှိခဲ့ဘဲ ဆက်လက်ဆွေးနွေးရန် လိုအပ်နေသည်ဟု သတင်းကဖော်ပြသည်။
လောင်စာဆီနှင့် အင်တာနက် သုံးစွဲခွင့် ဖြတ်တောက်ရေး အစီအမံများကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုများနှင့် အမျိုးသား အကျိုးစီးပွား နှစ်ခုစလုံးကို ထည့်သွင်းစဉ်းစားရန် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် Phumtham က အလေးအနက် ပြောကြားခဲ့သည်။
နယ်စပ်ဒေသရှိ အေဂျင်စီစက်ရုံများအပေါ် သက်ရောက်မှုရှိသည့် အခြေအနေများအပေါ် အခြေခံ၍ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ဆေးရုံများ ထိခိုက်မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက စိုးရိမ်ပူပန်နေဆဲဖြစ်သည်။ လူနာများ ထိခိုက်ပါက ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်တွင် ဆေးကုသရန် ပြင်ဆင်ထားကြောင်း ၎င်းက ပြောသည်။ ထိုနေ့တွင်ပင် ကရင်ပြည်နယ်၊ မြဝတီရွှေကုက္ကိုမှ လူကုန်ကူးမှုကွန်ရက်များ၏ သားကောင်ဖြစ်ရသည့် နိုင်ငံခြားသား အလုပ်သမား ၁၂၁၉ ဦးကို မြန်မာအာဏာပိုင်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့က ထိန်းသိမ်းထားကြောင်း Ratchamanu Task Force မှ သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ထိန်းသိမ်းခံထားရသူများသည် ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လည်လက်ခံရေးကို စောင့်ဆိုင်းလျက်ရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ တရုတ်- ၁,၀၄၁ဦး အင်ဒိုနီးရှား- ၇၁ဦး၊ ဗီယက်နမ်- ၄၀ဦး၊ မလေးရှား- ၂၂ဦး ပါကစ္စတန်-၁၂ဦး၊ ထိုင်ဝမ်- ၁၀ ဦး၊တောင်အာဖရိက – ၃ ဦး၊အီသီယိုးပီးယား- ၃ ဦး၊အိန္ဒိယ -၉ ဦး၊ရဝမ်ဒါ- ၂ ဦး၊နီပေါ- ၄ဦး၊ ကင်ညာ- ၂ ဦးတို့ကိုလက်ရှိအချိန်အထိ မြန်မာနိုင်ငံအနေဖြင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်အတွက် တိကျသောရက်စွဲ သို့မဟုတ် အချိန်ကို မသတ်မှတ်ရသေးပေ။ ၎င်းတို့နိုင်ငံသားများ ပြန်လည်လက်ခံရေး အဆင်ပြေစေရန် သက်ဆိုင်ရာ သံရုံးများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်ဟု မျှော်လင့်ရသည်။