ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
နယ်စပ်ဖြတ်ကျော်တရားမ၀င်စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် မြန်မာ့ BGF ခေါင်းဆောင် စောချစ်သူအား ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) မှ တာဝန်ရှိသူများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အမှတ်(၁ )ရုံးမှ ရှေ့နေများ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးပြီးနောက်ဆုံးဖြတ်ချက်မချနိုင်ခဲ့ဟု The Nation သတင်းက ဖေော်ဝါရီ ၂၁ ရက်ကဖော်ပြသည်။
Chaeng Watthana အစိုးရစုပေါင်းရုံး DSI သို့ ရုံးမှ တာဝန်ရှိသူများ ရောက်ရှိလာသော်လည်း သတင်းထောက်များကို မြင်တွေ့ပြီးနောက် အစည်းအဝေး မတက်ရန် ဆုံးဖြတ်ခဲ့သည်ဟု သတင်းများက ဆိုသည်။
အစည်းအဝေးတွင် စောချစ်သူအား န္ဒိယနိုင်ငံသားများအားလူကုန်ကူးမှုတွင် ပါဝင်ပတ်သက်မှုနှင့် မြန်မာနိုင်ငံ မြဝတီမြို့ရှိ Heng Sheng Casino ကငွေလိမ်ဂိုဏ်းတစ်ခုတွင် အတင်းအကြပ်အလုပ်ခိုင်းစေခြင်း နှင့် ပတ်သက်၍ ဖမ်းဝရမ်းထုတ်မည်မထုတ်မည်ကိုဆုံးဖြတ်ရမည်ဖြစ်သည်။
နောက်တစ်ကြိမ် အစည်းအဝေးတွင် ၎င်းတို့၏ တိုးတက်မှုကို အစီရင်ခံရန် DSI ရုံးမှ အစိုးရရှေ့နေများက တောင်းဆိုခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ယခုကိစ္စကို ဆွေးနွေးရန်နှစ်ဖက်အဖွဲ့များတွေ့ဆုံခဲ့ပြီးဖြစ်သည်၊ဝရမ်းထုတ်သည့်အဆင့်မလုပ်ဆောင်မီ အထောက်အထားများကို ပိုမိုစစ်ဆေးရန် လိုအပ်သောကြောင့် ဆုံးဖြတ်ချက်မချနိုင်ခဲ့ပါ။