မြန်မာနိုင်ငံကို ပြန်လည်ဖန်တီးခြင်းသည် နှေးကွေးပြီး နာကျင်စေလိမ့်မည်

“မေးစရာရှိလာသည်က မည်သူကပယ်ချမည်နည်းဖြစ်ပါသည်။SAC ကစီမံပြုလုပ်ထားသော မဲစာရင်းစစ်တမ်းများသည် ယုံကြည်စိတ်ချရမှု မရှိနိုင်ဘဲ ပြည်ပမှ အတိုက်အခံများနှင့် လေ့လာသူများမှ ပြစ်တင်ရှုတ်ချမည်မှာ သေချာပါသည်။ သို့သော် Farrelly ကမှတ်ချက်ချသည်မှာဒေသတွင်းအစိုးရများသည်(အနည်းဆုံးအာဆီယံအဖွဲ့ဝင်နိုင်ငံများသာမက) အခြားနည်းဖြင့် ကြည့်ရန် အားကောင်းသော မက်လုံးများ ရှိလိမ့်မည်၊၊ အာဆီယံမှ အထက်တန်းစားအရှေ့တောင်အာရှ အဖွဲ့ဝင်များသည် မြန်မာစစ်တပ်နှင့် နိုင်ငံရေး၊ စီးပွားရေးအရ နီးကပ်စွာ ဆက်ဆံမှု ကြာရှည်စွာရှိခဲ့သည်။

ယခုအချိန်တွင် မလေးရှားနိုင်ငံကအာဆီယံ၏ဥက္ကဌဖြစ်လာပြီး ၎င်းသည်မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်မှုပြန်လည်ထူထောင်ရေး အရေးကြီးကြောင်း အာဏာသိမ်းပြီးကတည်းက ပြောဆိုခဲ့ပြီး ယင်းအောက်တွင် ဇာတ်ညွှန်းကို အာဆီယံက စွဲကိုင်ထားသည်။ မကြာသေးမီက လန်ကာဝီတွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲသည် ဦးစားပေးမဟုတ်သင့်ကြောင်း ဆိုသည့်အချက်နှင့်နိဂုံးချုပ်ခဲ့သည်။”

———————————————


ဖေဖော်ဝါရီ ၂၆၊၂၀၂၅။သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင်ရွေးကောက်တင်မြှောက်ခြင်းခံထားရသောအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရကို ဖြုတ်ချခဲ့သည့် စစ်တပ်က အာဏာသိမ်းပြီး လေးနှစ်အကြာတွင်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ပေါ်ပေါက်လာသောပြည်တွင်းပဋိပက္ခသည် အသေအပျောက် များရှိနေပါသည်။ရက်စက်ကြမ်းကြုတ်သော နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ (SAC) သည် အကွဲကွဲအပြားပြား သောခုခံမှုများနှင့် ရင်ဆိုင်ရသော်လည်း အာဏာကို ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်သည်။

ဤခုခံမှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ဟု လူသိများသော အရပ်သားပြည်သူ့စစ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) ဟုခေါ်သည့် နိုင်ငံ၏ အစွန်အဖျားအများစုကို အုပ်ချုပ်သည့် အာဏာပိုင်များနှင့် 2020 ခုနှစ်တွင် ရွေးကောက်ခံ နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းထားသည့် ပြည်ပရောက်အစိုးရ(NUG)တို့ပါဝင်ပါသည်။ ဤကာလကြာရှည်စွာ ခံနိုင်ရည်ရှိခဲ့သော ခုခံမှုသည် အထင်ကြီးစရာကောင်းပြီး နိုင်ငံ၏ ပိုင်နက်တစ်ဝက်အထိ ထိန်းချုပ်နိုင်မှုမှာ ပို၍ပင်အထင်ကြီးစရာကောင်းပါသည်။

ယခုသီတင်းပတ်၏ ဦးဆောင်ဆောင်းပါးတွင် Nicholas Farrelly ရေးနေသည့်အတိုင်းတိုင်းပြည် အစွန်အဖျားနေရာများ၌ စစ်အစိုးရ၏ စစ်ရေးဆုံးရှုံးမှုများနှင့်မြန်မာနိုင်ငံတွင် စီးပွားရေအကျပ်အတည်းနှင့်မြန်မာလူမျိုးအများစုနေထိုင်ရာဒေသများရှိ မြန်မာပြည်သူ့စစ်အဖွဲ့ (PDF)များကိုမနှိမ်နှင်းနိုင်တော့ခြင်းများ ဖြစ်နေသော်လည်းနေပြည်တော်ရှိ ဗိုလ်ချုပ်များသည် ဤဖက်ရှင်ကို ခြေတပေါင်ကျိုးဖြင့်နှစ်ပေါင်းများစွာ ၀တ်စားဆင်ယင်နိုင်သည် ။

မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှု လွဲမှားနေသည့် စစ်အာဏာရှင်စနစ်၏ သမိုင်းကြောင်းက အလွန်ဖြစ်နိုင်ချေရှိသော မြင်ကွင်းတစ်ခုဟု ညွှန်ပြနေသည်။ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းသည် စစ်ဗိုလ်ချုပ်များပင်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားကိုမှ မထိခိုက်စေပါ။ ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်တည်ဆောက်ရန်နှင့်အာဆီယံတလျှောက် သံတမန်ရေးဆိုင်ရာ အပါအဝင် ပိုမိုတရားဝင်မှုအချို့ကို ဖန်တီးနိုင်ရန်အတွက်ဒီဇိုင်းထုတ်ထားသော ရွေးကောက်ပွဲအသစ်များအတွက် ၎င်းတို့၏မျှော်လင့်ချက်တွေကို ထိုးသွင်းချမှတ်ထားသည်။

ဤရွေးကောက်ပွဲများသည် အပေါ်ယံဟန်ပြအရပ်သားအစိုးရအဖွဲ့တစ်ဖွဲ့ကိုဖန်တီးရန်ကြိုးပမ်းမှု၏ ရှေ့ပြေးနိမိတ်ဖြစ်ဖွယ်ရှိပါသည် သို့သော်လည်း၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ မြန်မာနိုင်ငံကိုစစ်တပ်ကထိန်းချုပ်းချုပ်ထားသောအရပ်သားအစိုးရကအုပ်ချုပ်ခဲ့ပါသည်။ Farrelly က ‘ဒီလိုပြန်လည်နေရာချထားရေးကိုအာဆီယံရဲ့အဓိကကျတဲ့ အရှေ့တောင်အာရှ အဖွဲ့ဝင်များက(စစ်အစိုးရအတွက်)သေချာပေါက်ကြိုဆိုမှာပါဒါပေမယ့် အမှန်ကတော့ဒီလိုစစ်အစိုးရ ထောက်ခံထားတဲ့ ရွေးကောက်ပွဲ မှန်သမျှကို ချို့ယွင်းချက်တွေရှိပြီးတော့ဒီမိုကရေစီ မကျလို့ဆိုပြီးတော့ ချက်ခြင်း ပယ်ချရမည် ဖြစ်ပါတယ်”ဟုဆိုသည်။

မေးစရာရှိလာသည်က မည်သူကပယ်ချမည်နည်းဖြစ်ပါသည်။SAC ကစီမံပြုလုပ်ထားသော မဲစာရင်းစစ်တမ်းများသည် ယုံကြည်စိတ်ချရမှု မရှိနိုင်ဘဲ ပြည်ပမှ အတိုက်အခံများနှင့် လေ့လာသူများမှ ပြစ်တင်ရှုတ်ချမည်မှာ သေချာပါသည်။ သို့သော် Farrelly ကမှတ်ချက်ချသည်မှာဒေသတွင်းအစိုးရများသည်(အနည်းဆုံးအာဆီယံအဖွဲ့ဝင်နိုင်ငံများသာမက) အခြားနည်းဖြင့် ကြည့်ရန် အားကောင်းသော မက်လုံးများ ရှိလိမ့်မည်၊၊ အာဆီယံမှ အထက်တန်းစားအရှေ့တောင်အာရှ အဖွဲ့ဝင်များသည် မြန်မာစစ်တပ်နှင့် နိုင်ငံရေး၊ စီးပွားရေးအရ နီးကပ်စွာ ဆက်ဆံမှု ကြာရှည်စွာရှိခဲ့သည်။

ယခုအချိန်တွင် မလေးရှားနိုင်ငံကအာဆီယံ၏ဥက္ကဌဖြစ်လာပြီး ၎င်းသည်မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်မှုပြန်လည်ထူထောင်ရေး အရေးကြီးကြောင်း အာဏာသိမ်းပြီးကတည်းက ပြောဆိုခဲ့ပြီး ယင်းအောက်တွင် ဇာတ်ညွှန်းကို အာဆီယံက စွဲကိုင်ထားသည်။ မကြာသေးမီက လန်ကာဝီတွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲသည် ဦးစားပေးမဟုတ်သင့်ကြောင်း ဆိုသည့်အချက်နှင့်နိဂုံးချုပ်ခဲ့သည်။

ယင်းအစားအကျပ်အတည်းကို ဖြေရှင်းရန်အတွက် ၎င်း၏အဖွဲ့ဝင်များသည် စစ်အစိုးရအပေါ်ယုံကြည်မှုရှိသည်ဟုထင်ယောင်ထင်မှားဖြစ်စေသည့်တိုင် အာဆီယံ၏ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ၂၀၂၁ ကချမှတ်ခဲ့သည့်အာဆီယံမူ ငါးချက် သဘောတူညီချက်အရဆက်လက်ဆွေးနွေးရန် အလေးပေးဖော်ပြခဲ့သည်။ စစ်အစိုးရက အတုအယောင် ရွေးကောက်ပွဲတွေ ဆက်လုပ်မလားသို့မဟုတ်စစ်အစိုးရကအန္တရာယ်ကနေ ရုန်းထွက်ဖို့ အကြောင်းပြပြီး ရွေးကောက်ပွဲကိုလက်ခံရန်အကြောင်းပြချက်အဖြစ် စုပေါင်းဆုံးဖြတ်ခိုင်းရင် အာဆီယံအတွက် ကြီးမားတဲ့ စမ်းသပ်မှုကြီး လာလိမ့်မည်။

ပဋိပက္ခအစတွင် တရုတ်သည် ကျွဲနှစ်ကောင်ခတ်သည့်ကြားတွင်ပိတ်မိနေခဲ့သည်၊ပရမ်းပတာကို မလိုလားသော်လည်း ခန့်မှန်းလို့မရသည့် ပဋိပက္ခတစ်ခု၌ တစ်ဖက်ဖက်ကို ကျောထောက်နောက်ခံပြုလိုစိတ် သိပ်မရှိပေ။ ၎င်း၏ အကျိုးစီးပွားကို အဆုံးအဖြတ်ပေးသည့်အနေဖြင့် နေ​ပြည်တော်မှစစ်အစိုးရနှင့် သံတမန်ဆက်ဆံရေး ထိန်းသိမ်းထားစဉ် အတွင်းစစ်အစိုးရကို တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ရံဖန်ရံခါ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

မကြာသေးမီက တရုတ်နိုင်ငံသည် SAC နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်MNDAA တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် ပံ့ပိုးကူညီမှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး MNDAA ၂၀၂၃ ခုနှစ် အောက်တိုဘာလ ထိုးစစ်တွင် ပါဝင်ခဲ့သည့်ကိုးကန့်တိုင်းရင်းသားအဖွဲ့တစ်ဖွဲဖြစ်သည်။ ယင်းမှာအချိန်အတော်ကြာအောင် စစ်အစိုးရကို ဗျူဟာကျကျ ကျောခိုင်းရန်တွန်းအားပေးခြင်းဖြစ်သည်။ဗဟိုအစိုးရနှင့် EAO များကြားတွင် ကြားဝင်ဆောင်ရွက်ပေးသော တရုတ်သဘောတူညီချက်များသည် ခုခံမှု၏ အရေးကြီးသော စစ်ရေးအစိတ်အပိုင်းကို ဖယ်ရှားနိုင်ပြီး စစ်အစိုးရ၏ အုပ်ချုပ်မှုအား ဆန့်ကျင်မှုကို အားနည်းသွားစေနိုင်သည်။

အကယ်၍ ဘေဂျင်းသည် ၂၀၂၅ ခုနှစ်တွင် ပဋိပက္ခဖြစ်ပွားနေသော အင်အားစုများကြား ‘ငြိမ်းချမ်းရေး’ ပွဲစားလုပ်ခြင်းဖြင့် ထပ်မံဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမည်ဆိုပါက ၎င်းသည် စစ်အစိုးရ၏ လွှမ်းမိုးချုပ်ကိုင်မှုကို ပြန်လည်အတည်ပြုရန်အတွက် အတားအဆီးများကို ဖယ်ရှားရန် စိတ်ဝင်စားလာသည်ကို တွေ့မြင်ရကြောင်း နိမိတ်ဖတ်ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တည်ငြိမ်ရေးနှင့် Belt and Road Initiative အောက်ရှိ အခြေခံအဆောက်အအုံစီမံကိန်းများအပါအဝင် တရုတ်စီးပွားရေး အကျိုးစီးပွားများကို အကာအကွယ်ပေးခြင်းသည် နိုင်ငံရေးရလဒ်များ၊ ခုခံမှုဆိုင်ရာ အစိတ်အပိုင်းများနှင့် သင့်လျော်သည့် ဆက်ဆံမှုမှန်သမျှကို ရှေ့တန်းတင်နေပါသည်။

စစ်အစိုးရနှင့် EAO များကြား စေ့စပ်ညှိနှိုင်းသည့် ငြိမ်းချမ်းရေးသည် SAC ဘက်မှ ပေးဆောင်ရမည့် အဖိုးအခမရှိဘဲ ရရှိလာမည်မဟုတ်ပေ။ Farrelly က အလေးပေးဖော်ပြသည့်အတိုင်း ‘မိမိတို့ပိုင်နက်နယ်မြေများ လုံခြုံစေရန် တိုက်ပွဲဝင်ခဲ့သော တပ်များသည် လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်းကို ဗဟိုအစိုးရထံ လွှဲပြောင်းပေးရုံသာ မဟုတ်ပါ။ ပညာရေး၊ ဘာသာစကား၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ရလဒ်များအပေါ် အပိုသြဇာလွှမ်းမိုးမှုဖြင့် ဒေသတွင်းအရင်းအမြစ်များကို ထိန်းချုပ်လိုမည်ဖြစ်သည်။ဘော်လကန်ဇာတ်သွင်းခြင်း(အစိတ်စိတ်အမြွှာမြွှာပြိုကွဲစေခြင်း) သည် ယနေ့ခေတ်နှင့် မနက်ဖြန် အဖြစ်မှန်များ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

စစ်အစိုးရအတွက် လွဲမှားသွားနိုင်တာတွေ အများကြီးရှိသလို့ တော်လှန်ရေးအတွက် မှန်ကန်သွားနိုင်သည့်အချက်တွေ အများကြီး ရှိပါသည်။ သို့သော်လည်းထိရောက်သည့် ဖြိုခွဲမှုဆိုသည့်အချက်ကို ဒေသတွင်းက ထိပ်တိုက်ရင်ဆိုင်ဖို့ လိုအပ်ပါသည်။ မြန်မာ့နိုင်ငံရေးသည် စစ်အစိုးရနှင့် EAO နှစ်ဖက်လုံးအတွက် ဖြေရှင်းအခြေချရမည့် နိုင်ငံရေးမျှခြေဖြစ်သည်။ မြန်မာနိုင်ငံအတွက် ‘အနာဂတ်များစွာ’ ရှိသည်ဟူသော အယူအဆတွင်မြန်မာနိုင်ငံမှာ အလားအလာအများအပြားရှိနိုင်ခြင်းပါဝင်သည်။

အဲမောင်း
Eurasia Review စာမျက်နှာတွင်ဖေါ်ပြသည့် Nicholas Farrelly ရေး Farrelly ရေး Remaking Myanmar Will Be Slow And Painful ပြသည့် Remaking Myanmar Will Be Slow And Painful ကိုပြန်ဆိုပါသည်။

အရင်းအမြစ်- ဤဆောင်းပါးကို East Asia Forum မှ ထုတ်ဝေခဲ့သည်။ EAF အယ်ဒီတာဘုတ်အဖွဲ့သည် Crawford School of Public Policy၊ College of Law၊ Policy and Governance၊ Australian National University တွင် တည်ရှိသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *