အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ခဲ့သူ ၄၅၀ ဦးကို တရုတ်ကထပ်မံလက်ခံ

မတ်လ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

Yatai နှင့် KK Park Phase 3 ပရောဂျက်များတွင်အလုပ်လုပ်ခဲ့သော လူကုန်ကူးမှုနှင့် လိမ်လည်မှုကွန်ရက်များတွင် ယခင်က ပါဝင်ပတ်သက်ခဲ့သူများ၊ တရုတ်နိုင်ငံသား ၄၅၀ (အမျိုးသား ၄၃၉ ဦး၊ အမျိုးသမီး ၁၁ ဦး) ကို တရုတ်နိုင်ငံက မတ်လ ၁၃ ရက်က လက်ခံရရှိခဲ့သည်ဟု Khaosod သတင်းကမတ်လ ၁၄ ရက်တွင်ဖေါ်ပြသည်။


နေရပ်ပြန်ပို့ခြင်းကို မတ် ၁၄ ရက်အထိ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး စုစုပေါင်း လေကြောင်းလိုင်း ၁၁ ကြိမ်ဖြင့် တရုတ်နိုင်ငံတောင်ပိုင်းသို့ ပျံသန်းမည်ဖြစ်သည်။

အမှတ်၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှ တဆင့် မြန်မာနိုင်ငံမှ တာ့ခ်ခရိုင် မဲဆောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လွှဲပြောင်းပေးခဲ့ကြောင်းသတင်းရရှိသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *