မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံ၊ နိုင်ငံခြားခရီးသည် ၃၆ ဦး တင်ဆောင်လာသည့် ခရီးသွားကားတစ်စီး မတ်လ ၁၄ ရက် နံနက် ၄ နာရီ မတိုင်မီက လျှပ်စစ်ဓာတ်တိုင်ကို တိုက်မိခဲ့ သည်ဟု Khaosod သတင်းကဖော်ပြသည်။ Khao Yoi ခရိုင်၊ Phetchaburi ခရိုင်ရှိ Pho Kaew ဆန်စက်အောက်နားအနီး Phetkasem လမ်း (ဘန်ကောက်သို့အဝင်)တွင်ကားကဓာတ်တိုင်ကိုဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး၊ ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့သည်။
Khao Yoi ရဲစခန်းမှ ရဲမှူးကြီး Thip Khengkhum သည် ဒဏ်ရာရခရီးသွားများဖြစ်သည့် ထိုင်းနိုင်ငံသား ၁၅ ဦး၊ မြန်မာနိုင်ငံသား ၁၂ ဦး၊ အမေရိကန်နိုင်ငံသား ၉ ဦးတို့ကို Khao Yoiမြို့ ကယ်ဆယ်ရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဒဏ်ရာရရှိသူ များကို Khao Yoi ဆေးရုံ နှင့် Phetchaburi ရှိ Phra Chom Klao ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၃ ဦးမှာ ဆေးရုံတက်ရန် လိုအပ်ကြောင်း သိရသည်။
အသက် ၅၈ နှစ်အရွယ် ယာဉ်မောင်း Rakchat သည် အိပ်ပျော်သွားကြောင်း ဝန်ခံခဲ့ပြီး မော်တော်ယာဥ်အား မထိန်းချုပ်နိုင်ဘဲ လျှပ်စစ်ဓာတ်တိုင်ကိုဝင်တိုက်ခဲ့ကြောင်း အာဏာပိုင်များကဆိုသည်။
ဒဏ်ရာအနည်းငယ်ရရှိခဲ့သော ခရီးသည်များသည် ရဲစခန်းတွင် စောင့်ဆိုင်းနေချိန်တွင် တာဝန်ရှိသူများက ၎င်းတို့အား နံနက်စာအတွက် ခေါက်ဆွဲခြောက်များ ပေးဆောင်ကာ အစားထိုးခရီးသည်တင်နောက်ဘတ်စ်ကားကို စောင့်ဆိုင်းခဲ့သည်ဟု သတင်းကဆိုသည်။