ရိုဟင်ဂျာလူမှောင်ခို ကူးသန်းမှု တိုက်ဖျက်ရေး အမှတ် ၄ ထိုင်းတပ်မတော်က နယ်စပ် လုံခြုံရေး တိုးမြှင့်လိုက်

မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်း-မြန်မာနယ်စပ်မှာ ရိုဟင်ဂျာတွေ မှောင်ခိုကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အမှတ်၄ စစ်တိုင်းက လုံခြုံရေးများ တိုးမြှင့်ချထားပြီး တရားမ၀င် လူကုန်ကူးသည့် လမ်းကြောင်းများကို ဖျက်ဆီးမည်ဟုကတိပြုထားကြောင်း The Nation သတင်းက မတ်လ ၁၆ ရက်တွင်ဖော်ပြသည်။ ဇန်နဝါရီလက ချမ်ဖွန် နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် ထိုင်း-မြန်မာနယ်စပ် ချမ်ဖွန်နှင့် ရနောင်းတို့တွင် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု အမှတ် ၄ စစ်တိုင်းနယ်မြေက ကတိပြုထားသည်။


ထိုင်း တောင်ပိုင်းအမှတ် ၄စစ်တိုင်းသည် လူမှောင်ခိုဂိုဏ်းများနှင့် ကုန်ပစ္စည်းများ မှောင်ခိုဝင်ရောက်လာသူများနှင့် ရိုဟင်ဂျာ ရွှေ့ပြောင်းနေထိုင်သူများ အဆင်ပြေချောမွေ့စေရန် လူမှောင်ခိုဂိုဏ်းများ တည်ဆောက်ထားသော လမ်းများအားလုံးကို ဖျက်ဆီးပစ်မည်ဟု ကတိပြုခဲ့သည်။ နယ်ခြားစောင့်တပ် လုံခြုံရေးတိုးမြှင့်ရေး အမိန့်ကို အမှတ် ၄ စစ်တိုင်းနယ်မြေ ဒုတိယ တိုင်းမှူး ဗိုလ်ချုပ် အနုဆွန် အိုးယူရိုင်က ခရိုင်နယ်မြေ လုံခြုံရေး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ အမှတ် ၈ ရဲတပ်ဖွဲ့နှင့် အခြား သက်ဆိုင်ရာ အစိုးရ အဖွဲ့များနှင့် တွေ့ဆုံစဉ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ချမ်ဖွမ်ခရိုင် Tha Sae မြို့နယ် Tambon Rubroh မှ နယ်စပ်ဖြတ်ကျော် ရိုဟင်ဂျာ စခန်းတစ်ခုကို ရှာဖွေတွေ့ရှိမှုနောက်ဆက်တွဲအဖြစ် တောင်ပိုင်းတပ်မတော်ဌာနချုပ်တွင်မတ်လ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပြီးဒေသခံပြည်သူများ၊ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့နှင့် ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လူကုန်ကူးသည့် ဂိုဏ်းသည် ခရိုင်အတွင်းရှိ ထိုင်းနိုင်ငံ၏ သစ်တောများအတွင်း မြေသားလမ်းဖောက်လုပ်ရန် လယ်ထွန်စက္များကို အသုံးပြုကာ စခန်းမှ ရွှေ့ပြောင်း ရိုဟင်ဂျာများကို တတိယနိုင်ငံသို့ ခိုးသွင်းနေပုံပေါ်ကြောင်း တွေ့ရှိခဲ့သည်။

ဆွေးနွေးပွဲအတွင်း တပ်ဖွဲ့ဝင်များသည် Thasae နှင့် ရနောင်းမြို့နယ်နှင့်Kraburi မြို့နယ်များရှိ နယ်စပ်တလျှောက် တရားမဝင် မြေလမ်းများအားလုံးကို ဖော်ထုတ်ဖျက်ဆီးရန် အခြားသက်ဆိုင်ရာ အစိုးရဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အနုဆွန်က ပြောကြားခဲ့သည်။ လူမှောင်ခိုကူးမှုကို တားဆီးရန်အတွက် တပ်ဖွဲ့ဝင်များသည် နယ်စပ်တစ်လျှောက်ရှိ တူးမြောင်းများကို ကင်းလှည့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် လူမှောင်ခိုလုပ်ငန်းတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူများ၏ ငွေကြေးလွှဲပြောင်းမှုများကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရန် သဘောတူညီခဲ့ပြီး ဂိုဏ်းဝင်အားလုံးကို ဖမ်းဆီးနိုင်ရန်ရည်ရွယ်သည်ဟုသတင်းကဆိုသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *