အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်လုပ်ကိုင်ခဲ့သော နိုင်ငံခြားသားများကို DKBA ကပြောင်းရွှေ့နေရာချ

ဧပြီလ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) သည် အီသီယိုးပီးယား၊ ကင်မရွန်း၊ ရဝမ်ဒါ၊ နိုင်ဂျီးရီးယား၊ ဆီယာရာလီယွန်၊ မာလာဝီ၊ ဇင်ဘာဘွေနှင့် ဗီယက်နမ် စသည့် လူမျိုးများပါဝင်သော နိုင်ငံခြားသား ၂၇၇ ဦးကို ပြောင်းရွှေ့နေရာချထားကြောင်း Khaosod သတင်းကဧပြီ ၁၈တွင်ဖော်ပြသည်။

ယင်းတို့သည် Tak ခရိုင် Phop Phra မြို့နယ် Ban Chong Kaep နှင့်မျက်နှာချင်းဆိုင် ဘက်တွင်ရှိသော Taisang 1 ပရောဂျက်၏ ထိန်းသိမ်းရေးဧရိယာမှ လိမ်လည်သူဂိုဏ်းများနှင့် ခေါ်ဆိုရေးစင်တာများနှင့် ချိတ်ဆက်နေသူများဖြစ်သည်။
၎င်းတို့အား ကရင်ပြည်နယ် မြဝတီမြို့နယ် မြဝတီ အားကစားကွင်းသို့ ပို့ဆောင်ခဲ့ပြီး တာဝန်ရှိသူများက စစ်ဆေးအတည်ပြုကာ ပြန်လည်နေရာချထားရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပုဂ္ဂိုလ်များသည် ဧပြီလ ၁၃ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသော နိုင်ငံခြားသားများထဲတွင် ပါဝင်သည်။
By admin

Leave a Reply

Your email address will not be published. Required fields are marked *