မလေးဝန်ကြီးချုပ် NUG နှင့်တွေ့ဆုံခဲ့

ဧပြီလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့်မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဘန်ကောက်တွင် တွေ့ဆုံသည့်အကြောင်းအား မက်ဆေ့ချ်နှင့်ဓာတ်ပုံများကို ဧပြီ ၁၈ ရက်နေ့က FB တွင်တင်ခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ဧပြီ ၁၇ ရက်နေ့ညနေပိုင်း တွင်ထိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ သက်ဆင် ရှင်နာဝပ် ဦးဆောင်သောအာဆီယံ သဘာပတိ အလွတ်သဘော အကြံပေးအဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


ကျယ်ပြောလှသော ဆွေးနွေးမှုမှမြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်လှမ်းမီမှုရရှိရေး အာမခံချက်ဖြစ်သည့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေး ဆိုင်ရာ အတွေးအခေါ်များ အပါအဝင် ဒေသဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ရန် အခွင့်အလမ်းတစ်ခု ပေးခဲ့သည်။ ထို့နောက် ဧပြီ ၁၈ ရက်နေ့နံနက်တွင် မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) မှ ဦးမန်းဝင်းခိုင်သန်းနှင့် မိနစ် လေးဆယ်ကြာ တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

ကျွန်ုပ်တို့၏ ဆွေးနွေးချက်သည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အရေးပေါ် လူသားချင်းစာနာမှု လိုအပ်ချက်များနှင့် အကူအညီ အလိုအပ်ဆုံးသူများကို လက်လှမ်းမီနိုင်စေရေး အရေးကြီးကြောင်းကို အဓိကထား ဆွေးနွေးခဲ့ပါသည်ဟုသူကဆိုသည်။ ဆက်လက်ဆွေးနွေးရန် အရေးကြီးကြောင်းကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ မလေးရှားနိုင်ငံတွင် လူကိုယ်တိုင်တွေ့ဆုံရန် အလားအလာကို သင့်လျော်သည့်အချိန်တွင် ပြုလုပ်ကြရန်ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြသည်။

ယခင်ကနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီနှင့်တွေ့ဆုံခဲ့သလိုပင် အပြုသဘောဆောင်သောဆွေးနွေးမှုလည်း ဖြစ်သည်။ တစ်ဖက်နှင့် တစ်ဖက် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို နှစ်ဖက်လုံးက ကန့်ကွက်ခြင်း မရှိခဲ့ပေ။ ယုံကြည်မှုတည်ဆောက်ရေးသည် မရှိမဖြစ်လိုအပ်ပြီး ၎င်းသည် အာဆီယံဦးဆောင်သော ကြိုးပမ်းမှုအဖြစ် ဆက်လက်တည်ရှိနေရန် အရေးကြီးပါသည်။ ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေးနဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ကောင်းကျိုးချမ်းသာကို ထောက်ပံရာမှာ ပါတီအားလုံး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သည်ဟု ၎င်းကဆက်ဆိုသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *