ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရက္ခိုင့်တပ်မတော်၏ ပြင်ဆင်မှု သတင်းမှာ မှားယွင်းနေဟုဆို

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မြန်မာနိုင်ငံမှ ရခိုင့်တပ်မတော်က စစ်ဆင်ရေးအတွက် ပြင်ဆင်နေသည်ဟု ဆိုသည့် ရုပ်သံဖိုင်တစ်ခုကိုဖြစ်ရပ်မှန်စစ်ဆေးရေး အဖွဲ့ ကစစ်ဆေးခဲ့ရာတွင် သတင်းမှားဖြစ်ကြောင်းတွေ့ရှိခဲ့သည်ဟု BSS News ကမေလ ၅ရက်တွင်ဖော်ပြသည်။ စုံစမ်း စစ်ဆေးရေး အဖွဲ့ မှ စစ်ဆေး မှု အရ အခြား နေရာ တစ်ခု တွင်ရိုက်ကူးခဲ့သည့်ဗီဒီယို အဟောင်း တစ်ခုကိုဘင်္ဂလားဒေ့ရှ် နယ် စပ်တွင် ရခိုင့်တပ်တော်ကစစ်ရေး အရ ပြင်ဆင် နေသည့် အခင်းအကျင်း ဖြစ်သည် ဟု ဆိုကာ ပျံ့နှံ့ နေသည် ကို တွေ့ရှိ ရသည်။


ယင်းရုပ်သံမှာအီသီယိုးပီးယားနှင့် အီရီထရီးယားနယ်စပ်၌တင်းမာမှုများ ပျံ့နှံ့နေသော ဗီဒီယိုတစ်ခုဖြစ်ပြီးယင်းဗီဒီယိုသည် ပြီးခဲ့သည့်မတ်လကတည်းက အွန်လိုင်းတွင်ပျံ့နှံ့နေခဲ့ခြင်းဖြစ်သည်ဟု မေလ ၅ရက်နေ့ကထုတ်ပြန်သည့်အစီရင်ခံစာတစ်ခုမှာ ဖော်ပြခဲ့သည်။ စုံစမ်းစစ်ဆေးမှုတွင် ‘El Druso’ ဟုခေါ်သော X အကောင့်တစ်ခုမှ မတ်လ ၂၆ ရက်နေ့တွင် တင်ထားသော ဗီဒီယိုကို Multiple Kep Frames များစွာသုံးပြီး ပြောင်းပြန်ပုံလှန်၍တင်ထားခြင်းဖြစ်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟုသတင်းကဆိုသည်။

အငြင်းပွားနေသော အရေးဆိုမှုဟူ၍ ပျံ့နှံ့နေသည့် ဗီဒီယိုနှင့် မူရင်းဗီဒီယိုကို နှိုင်းယှဉ်ကာ ဆင်တူမှုများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါ ဗီဒီယိုသည် အီသီယိုးပီးယားနှင့် အီရီထရီးယား နှစ်နိုင်ငံနယ်စပ်တွင် တင်းမာနေသည့် ဗီဒီယိုအဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာဘက်မှရက္ခိုင့်တပ်တော်၏ စစ်ဆင်ရေးအတွက် ပြင်ဆင်နေသည့် ဗီဒီယိုဟုဆိုပြီး ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် အဆိုပါ ဗီဒီယိုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရက္ခိုင့်တပ်တော်၏စစ်ရေး ပြင်ဆင်မှု ဗီဒီယို ဖြစ်သည်ဟု ဆိုခြင်းမှာ မှားယွင်းသည်ဟုသတင်းကဆက်လက်ဖော်ပြသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *