မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာစစ်တပ်နှင့် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့များ အကြားဧပြီလ ၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး ထိုင်းတပ်ဖွဲ့ ၏ အဆိုအရ ဧပြီလ ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် မှ ၁၀ ကီလိုမီတာ ခန့် အကွာရှိ ပထမ ဗျူဟာ ကွပ်ကဲမှု စခန်းအား တော်လှန်ရေးတပ်ဖွဲ့များကအောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု The Nation သတ င်းက မေလ ၇ ရက်တွင်ဖော်ကြသည်။
ဒီအောင်ပွဲရပြီးနောက်တွင် စစ်အစိုးရဆန့်ကျင်တော်လှန်ရေးတပ်များသည် ဘန်ဖူနမ်ရွန်နယ်စပ်အနီးရှိ မြန်မာစစ်တပ်အခြေစိုက်စခန်းများကို ဆက်တိုက်ထိုးစစ်ဆင်ကာ စစ်ဆင်ရေးများကို အရှိန်မြှင့်ခဲ့သည်။ အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် ကန်ချနပူရီခရိုင်ရှိ ဆူရစီတပ်ဖွဲ့နှင့် ထိုင်း-မြန်မာနယ်စပ် ကွပ်ကဲရေးဌာနတို့က အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြောင်း အဆိုပါ တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
Latya Task Force သည် အစိုးရဌာနများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းပြီး ဝန်ထမ်းအင်အားနှင့် စစ်လက်နက်ပစ္စည်းများ ထပ်မံချထားပေးခဲ့သည်။ ၎င်းတို့သည် ဘန်ပူနမ်ရွန်အနီး နယ်စပ်တလျှောက် စစ်ဆင်ရေးအစီအမံများကို တိုးမြှင့်လုပ်ဆောင်ကာ ဒေသခံလူထုအပေါ် ထိခိုက်မှုလျော့ပါးစေရန် ၂၄ နာရီလုံးစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ဒေသတွင်း မငြိမ်မသက်မှုများအတွင်း အိမ်နီးချင်းနိုင်ငံများ(မြန်မာ)၏ လေကြောင်းမှ လှုပ်ရှားမှုများ ပေါ်ပေါက်လာပါက ထိုင်းဘုရင့်လေတပ် (RTAF) နှင့် Surasee Force တို့သည် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
ကန်ချနပူရီခရိုင်အားဖြတ်ကျော်ပျံသန်းလာသောလေယာဉ်ပုံများအွန်လိုင်းတွင် ပျံ့နှံ့နေသောကြောင့် အများပြည်သူ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်ပြီး ထိုင်းဘုရင့်တပ်မတော်မှ သတင်းရင်းမြစ်တစ်ခုက ယင်းလေယာဉ်သည် ထိုင်းတော်ဝင်မြေတိုင်းဌာနက လုပ်ဆောင်နေတဲ့ မောင်းသူမဲ့လေယာဉ် (UAV) ဖြစ်ကြောင်းရှင်းလင်းခဲ့သည်။ VTOL SUD 60 အမျိုးအစားဒရုန်းအား ပြေးလမ်းမလိုအပ်သည့် 2D နှင့် 3D မြေမျက်နှာသွင်ပြင်မြေပုံနှင့် ဝေးလံခေါင်သီသောဧရိယာများကို တိုင်းတာခြင်းတို့ကို ပံ့ပိုးပေးရန်အတွက် ဝေဟင်ဓာတ်ပုံရိုက်ကူးရေးမစ်ရှင်များအတွက် ဖြန့်ကျက်အသုံးပြုထားခြင်းဖြစ်သည်။
ကန်ချနာဘူရီခရိုင် ဆန်ကလာဘူရီမြို့နယ် တွင် နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း တရားဝင်ပျံသန်းမှုခရီးစဉ်ရှိကြောင်း ထိုင်းတော်ဝင်မြေတိုင်းဌာနမှ အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်သည် အိမ်နီးချင်း နိုင်ငံ(မြန်မာ)မှ မဟုတ်ကြောင်း သတင်းရင်းမြစ်က အလေးပေး ပြောကြားခဲ့ပါသည်။