မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ပြင်းအား ၁ ဒသမ ၅ မှ ၂ ဒသမ ၆ အဆင့်ရှိ အပျော့စားငလျင် ၆ ကြိမ်ဟာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင်မေလ ၈ရက်နေ့ နံနက် (၈) နာရီက မှတ်တမ်းတင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ သိရသည်ဟု The Nation သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံတွင် ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း ငလျင်စောင့်ကြည့်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။
ပထမငလျင်သည် နံနက် ၄ နာရီ ၄ မိနစ်တွင် နန်ဆာခရိုင် ဝိန်းဆာခမြို့နယ် ယာ့ဟွာနာတွင် ပြင်းအား ၁ ဒသမ ၇ နှင့် အနက် ၁ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သည်။ ငလျင်ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၁၈.၆၈၂° နှင့် အရှေ့လောင်ဂျီတွဒ် ၁၀၀.၃၇၁° တွင် တည်ရှိသည်။
ဒုတိယငလျင်သည် နံနက် ၄ နာရီ ၅၂ မိနစ်တွင် ယပ်ဟွာနာခရိုင်တွင်လည်း ပြင်းအား ၁.၅ နှင့် အနက် ၁ ကီလိုမီတာ လှုပ်ခတ်ခဲ့သည်။ ငလျင်ဗဟိုချက်မှာ မြောက်လတ္တီတွဒ် ၁၈.၆၇၉° နှင့် အရှေ့လောင်ဂျီတွဒ် ၁၀၀.၃၆၉° တွင် တည်ရှိသည်။ သတင်းပို့ချိန်အထိ ထိုင်းနိုင်ငံအတွင်း ပိုင်ဆိုင်မှုအပျက်အစီးသတင်းများ မရှိသေးကြောင်း အဆိုပါဌာနက ပြောသည်။
အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များမှတစ်ဆင့် ပြည်သူများအား အသိပေးရန်၊ ၎င်းတို့၏ နေအိမ်နှင့် အဆောက်အအုံများ၏ တည်ဆောက်ပုံဆိုင်ရာ ကြံ့ခိုင်မှုကို စစ်ဆေးရန်နှင့် မရှိမဖြစ် အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ ပြင်ဆင်ထားရန် ဌာနက တိုက်တွန်းထားသည်။