မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ပြင်းအား ၇.၇ ရှိ သေကြေပျက်စီးမှုများပြားခဲ့သည့် ငလျင်လှူပ်ခတ်ခဲ့မှုအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စစ်အုပ်စုသည် ရှားရှားပါးပါး နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူညီများ တရားဝင် တောင်းခံခဲ့သည်။ မေတ္တာရပ်ခံချက်ကြောင့် ကမ္ဘာတဝှမ်းရှိ အစိုးရများနှင့် ကော်ပိုရေးရှင်းများသည် ပျက်စီးမှုများနှင့် ဆင်းရဲဒုက္ခများ သက်သာစေရန် အလှူငွေမြောက်များစွာ ပံ့ပိုးကူညီခဲ့သည်။
နိုင်ငံတကာအစိုးရများမှ ဒေါ်လာ ၁၃၆.၈၈ သန်းခန့် အကူအညီပေးခဲ့သည်ဟု သတင်းရင်းမြစ်များက ဖော်ပြထားသည်။ ဒါပဲလား။ မဟုတ်ပါဘူး။ ကုမ္ပဏီများနှင့် မြန်မာခရိုနီများမှလည်း ဒေါ်လာ ၅၅.၈၈ သန်းခန့် လှူဒန်းထားသည်ကိုလည်း Justice For Myanmar မှ အစီရင်ခံစာထုတ်ထားသည်။ ထို့ကြောင့် စစ်အုပ်စုသည် စုစုပေါင်း ဒေါ်လာ ၁၉၂.၇၆ သန်း အကူအညီငွေ ရရှိခဲ့သည်။ သို့သော်လည်း ပမာဏကြီးလွန်းသော အကူအညီငွေကြောင့် ၎င်း၏ တကယ်ဖြန့်ဝေမှုနှင့် ထိရောက်မှုအပေါ် အရေးကြီးသော မေးခွန်းများထုတ်စရာ ဖြစ်လာခဲ့သည်။
စစ်အုပ်စုသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ထိန်းချုပ်ပြီး လှည့်စားသုံးစွဲခဲ့သည့် မှတ်တမ်းများရှိနေသောကြောင့် ထိုအကူငွေ အများစုသည် ပြည်သူများထံ အမှန်တကယ် မရောက်ရှိနေကြောင်း စိုးရိမ်မှုများ ပေါ်ပေါက်လာစေပါသည်။ စစ်အုပ်စုသည် အလှူငွေများကို သူတို့၏ အာဏာပိုတည်မြဲစေရန်၊ ထိန်းချုပ်နယ်မြေများတွင် အကူအညီရရှိမှုကို ကန့်သတ်ရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို နိုင်ငံရေးအရ အထောက်အကူဖြစ်စေရန်အတွက် လုပ်ဆောင်နေသည်ဟု အထောက်အထားများမှ ညွှန်ပြနေသည်။
Igor Blazevic
ဤဆောင်းပါးကိုရေးသားသည့်
စာရေးသူ
Igor Blaževič သည် ချက်သမ္မတနိုင်ငံ၌နေထိုင်သော ဘော့စနီးယားနွယ်ဖွားဥရောပလူ့အခွင့်အရေးလှုပ်ရှားသူဖြစ်ပြီး One World ၏တည်ထောင်သူနှင့် နှစ်ရှည်ဒါရိုက်တာအဖြစ်၊ ဥရောပ၏အကြီးဆုံးလူ့အခွင့်အရေးမှတ်တမ်းရုပ်ရှင်ပွဲတော် နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် People in Need ဖောင်ဒေးရှင်း၏ဒါရိုက်တာဖြစ်သည်။သူသည် ၂၀၁၂မှ ၂၀၁၅ အထိ မြန်မာနိုင်ငံတွင်အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှု(Transitional Justice) ဘာသာရပ်ကိုဟောပြောပို့ချခဲ့သူဖြစ်သည်၊ဤဆောင်းပါးကို သူ၏လူမှုကွန်ယက်စာမျက်နှာမှကူးယူဖော်ပြခြင့းဖြစ်ပါသည်။