ဇွန်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံ၏ အမျိုးသား နက္ခတ္တဗေဒ သုတေသနဌာန (NARIT) ၏ အဆိုအရ ဇွန် ၂၁ ရက်သည် ထိုင်းနိုင်ငံ၏ တစ်နှစ်တာ အရှည်ကြာဆုံး နေ့တစ်နေ့ ဖြစ်သည်ဟု The Nation သတင်းကဖော်ပြသည်။ နေမင်းကြီးသည် ၎င်း၏ “ရပ်မှတ်” သို့မဟုတ် “မြောက်ဘက်အကျဆုံးနေရာ” သို့ ရောက်ရှိသွားသောကြောင့် နေ့သည် အရှည်ကြာဆုံးနှင့် ညသည် တစ်နှစ်တာ၏ အတိုတောင်းဆုံးဖြစ်သည့် နွေယဥ်စွန်းအချိန်တွင်ဖြစ်တတ်ကြောင်း ရှင်းပြခဲ့သည်။ ဤဖြစ်စဉ်သည် မတ်လမှစတင်၍ နှစ်စဉ်နှစ်တိုင်း တစ်ကြိမ် ဖြစ်ပေါ်သည်။ နေသည် မြောက်ဘက်စွန်းသို့ တစ်နေ့လျှင် တစ်ဒီဂရီခန့် ရွေ့လျားနေပုံပေါ်သည် ဇွန်လ ၂၁ရက်နေ့တွင်မြောက်ဘက်အစွန်းဆုံးသို့ရောက်ရှိသွားခြင်းဖြစ်သည်။ ထို့ကြောင့် ဤနေ့တွင် အရှေ့မြောက်မိုးကုပ်စက်ဝိုင်းမှ နေထွက်ပြီး အနောက်မြောက်မိုးကုပ်စက်ဝိုင်းသို့ နေဝင်သဖြင့် ထိုင်းနိုင်ငံ၏ တစ်နှစ်တာ၏ အရှည်ဆုံးနေ့ဖြစ်လာသည်။
“မနက် ၅ နာရီ ၅၁ ခန့်မှာ နေထွက်မှာဖြစ်ပြီး ညနေ ၆ နာရီ ၄၇ လောက်မှာ နေဝင်မှာဖြစ်ပါတယ်စုစုပေါင်း နေ့အလင်းရောင်ရချိန်၁၂ နာရီနဲ့ ၅၆ မိနစ် (ဘန်ကောက်စံတော်ချိန်) လောက်ကြာမှာပါ” ဟု NARIT မှ ပြောကြားခဲ့သည်။ တရုတ်၊ ဂျပန်၊ အမေရိကနှင့် ဥရောပနိုင်ငံများကဲ့သို့သော မြောက်ကမ္ဘာခြမ်းရှိ နိုင်ငံများတွင် နွေရာသီ၏ နွေဦးရာသီအစကိုလည်း ဖြစ်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ ချီလီ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ကဲ့သို့ ကမ္ဘာ့တောင်ဘက်ခြမ်းရှိ နိုင်ငံများသည် တစ်ချိန်တည်းတွင် ဆောင်းရာသီကို စတင်ခံစားလာမည်ဖြစ်သည်။